ကျောက်မဲခရိုင်
ကျောက်မဲခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈၵျွၵ်းမႄး ၊ အင်္ဂလိပ်: Kyaukme District ) သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၅၄၃ ပေ (၇၇၅ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကျောက်မဲမြို့ဖြစ်သည်။ ကျောက်မဲခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇၆၇,၅၈၂ ယောက်[1] ဖြစ်သည်။
ကျောက်မဲခရိုင် | |
---|---|
ကျောက်မဲခရိုင် | |
ကိုဩဒိနိတ်: 22°32′00″N 97°2′00″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | ကျောက်မဲမြို့ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၅၄၃ ပေ (၇၇၅ မီတာ) |
လူဦးရေ (၂၀၁၄) | ၇၆၇,၅၈၂ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြို့နယ်နှင့်မြို့များ
ကျောက်မဲခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[2]
မိုးမိတ်မြို့နယ် နှင့် မဘိမ်းမြို့နယ် တို့သည် ယခင်က ကျောက်မဲခရိုင်တွင် ပါဝင်သော်လည်း ယခုအခါ မိုးမိတ်ခရိုင်အဖြစ် အသစ်ဖွဲ့စည်းခဲ့သည်။ ယခင်ကျောက်မဲခရိုင်တွင် ပါဝင်သော မန်တုံမြို့နယ် နှင့် နမ့်ဆန်မြို့နယ် တို့ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[3]
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 28, 2015 တွင် ပြန်စစ်ပြီး
- မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 February 2015 တွင် ပြန်စစ်ပြီး။
- "The Union of Myanmar, The State Peace and Development Council, Notification No. 33/2010, 20 August 2010" English translation
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.