တောင်ကြီးခရိုင်
တောင်ကြီးခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈတူၼ်ႈတီး ၊ အင်္ဂလိပ်: Taunggyi District ) သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၆၀၆ ပေ (၁၄၀၄ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ကြီးမြို့ဖြစ်သည်။ တောင်ကြီးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၆၉၉,၀၈၆ ယောက်[1] ဖြစ်သည်။
တောင်ကြီးခရိုင် | |
---|---|
တောင်ကြီးခရိုင် | |
ကိုဩဒိနိတ်: 20°40′N 97°00′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်း |
မြို့တော် | တောင်ကြီးမြို့ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၆၀၆ ပေ (၁၄၀၄ မီတာ) |
လူဦးရေ (၂၀၁၄) | ၁,၆၉၉,၀၈၆ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
နာမည်ကျော် အင်းလေးကန် နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် တောင်ကြီးခရိုင်တွင် တည်ရှိသည်။ ပင်းတယရွှေဥမင်လှိုဏ်ဂူ၊ ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ မြသပိတ်ရေပြာအိုင် စသည် အထင်ကရ နေရာများစွာရှိသည်။
မြို့နယ်နှင့်မြို့များ
တောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[2]
- တောင်ကြီးမြို့နယ်
- တောင်ကြီးမြို့
- အေးသာယာမြို့ (တောင်ကြီးမြို့သစ်)
- ကျောက်တလုံးကြီးမြို့
- ရွှေညောင်မြို့
- ညောင်ရွှေမြို့နယ်
- ကလောမြို့နယ်
- ကလောမြို့
- အောင်ပန်းမြို့ (ရှမ်းမြေလတ်တွင် အဓိက စီးပွားရေးမြို့)
- ရပ်စောက်မြို့နယ်
- ဖယ်ခုံမြို့နယ်
- ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
- ဆီဆိုင်မြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
- ပင်လောင်းမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
- ပင်လောင်းမြို့
- နောင်တရားမြို့
- ပေါင်းလောင်းမြို့
- ပင်းတယမြို့နယ် (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
- ရွာငံမြို့နယ်
- ရွာငံမြို့ (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၂၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 28, 2015 တွင် ပြန်စစ်ပြီး
- မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.