မူဆယ်မြို့
မူဆယ်မြို့ (ရှမ်း: မူႇၸေႊ; တရုတ်: 木姐) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရွှေလီမြစ်ကမ်းနံဘေးတွင် တည်ရှိကာ တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နှင့် တံတားဖြင့် ဆက်သွယ်ထားသည်။[1][2][3]
မူဆယ် | |
---|---|
မြို့ | |
မူဆယ် | |
ကိုဩဒိနိတ်: 23°58′45″N 97°54′17″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | မူဆယ်ခရိုင် |
မြို့နယ် | မူဆယ်မြို့နယ် |
လူဦးရေ | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
လွန်လေပြီးသော နှစ်ပေါင်းခုနှစ်ရာကျော်ကာလ ခရစ်သက္ကရာဇ် AD ၁၂၈၀ ခု၊ သျှမ်းသက္ကရာဇ် ၁၃၇၄ ခု ( ကာပ်ယီး ဟုခေါ်သော ကျားနှစ် )၊ ကောဇာသက္ကရာဇ် ၆၄၂ ခုတွင် ဝိန်းဝိုင်ပြည်၌ ထီးနန်းစိုးစံတော်မူသော သျှမ်းမင်း စဝ်ခွန်ဖန်ခမ်းသည် ရွှေလီမြစ်ကမ်းတစ်နေရာတွင် ရှေးဦးစွာ အိမ်ခြေ (၈) အိမ်သာရှိသည့် ဈေးရွာကလေးတစ်ရွာကို တည်ခဲ့လေသည်။ နောင်အခါ သက္ကရာဇ် AD ၁၃၀ဝ ခုနှစ်တွင်မှ ထိုဈေးရွာကလေးကို မြို့အဆင့်သတ်မှတ်ပြီး ပူမုံ ( ရှေးသျှမ်းပြည်အုပ်ချုပ်ရေး စနစ်အရ တိုက်နယ်သူကြီး အထက်မြို့စားမင်း အောက်အဆင့်ရှိ အုပ်ချုပ်သူရာထူးတစ်မျိုး ) တစ်ပါးကို စီမံအုပ်ချုပ်စေကာ ထိုမြို့ကိုလည်း မူကျေ ( မူဆယ်မြို့) ဟုခေါ်တွင်စေသည်။
နေရာ
ယခု မူဆယ်မြို့၏ လေယာဉ်ကွင်းဟောင်းမြောက်ဘက်ရှိ လာစန့်ဒေသ ဝန်းကျင်တွင် တည်ရှိပြီး ထိုဒေသအနီးတွင် မိုင်းမောဝ်ပြည် မင်းဆက်များအုပ်စိုးစဉ်က နာမည်ကြီး ခိုစုန် ခိုဖူး တံတား (ရေမြှပ် ရေပေါ်တံတား) တစ်စင်းရှိခဲ့ဖူးလေသည်။ နောင်ကာလတွင် ထိုဒေသမှ နောင်မိုလုံ ( ကြာအင်းကြီး) ဝန်းကျင် ( နော်င်မိုလုံ မှာ ကမ္ဘောဇဘဏ်ရှေ့ ယခင်မြို့နယ်အားကစား ကွင်းဟောင်းနေရာဖြစ်ပြီး ယခုမူ လူနေအိမ်၊ တိုက်ခန်းနေရာများ အဖြစ်ပြောင်းလဲသွားခဲ့ပေပြီ။) သို့ ရွှေ့ပြောင်းမြို့တည်ခဲ့သည်။ ထို့နောက် ညောင်ပင်ကြီး (၁၆) ပင်ရှိသောနေရာတွင် ဈေးကြီးတစ်ခုတည်ခဲ့သည်။ ( ယခု အမှတ် ၁ ဈေးဟုခေါ်သည်) ထိုစဉ်က လူနေအိမ်ခြေအများစုမှာ ယခုတောင်ရပ်ကွက်ရှိ ဝေဠုဝန်ဘုရားကျောင်း နေရာတဝိုက်တွင် စည်ကားခဲ့သောကြောင့် မြို့လယ်ဗဟိုချက် အဆောင်အဦကို တောင်ရပ်ကွက်တွင်းတည်ထားပြီး ၎င်းရပ်ကွက်အတွင်းရှိ ဝေဠုဝန် ဘုရားကျောင်းကိုလည်း ဝတ်ကန်ဝိန်း (ဝတ်ႉၵၢင်ဝဵင်း)(မြို့လယ်ကျောင်း) ဟုသာ ယခုတိုင်ခေါ်ဝေါ်နေကြဆဲဖြသ်သည်။
စိတ်ဝင်စားဖွယ် နေရာများ
မူဆယ်မြို့သည် ဈေးသည်၊ ကုန်သည်များနှင့် နေ့နံသင့်ခဲ့သည်မှာ မြို့စတင် တည်ထောင်ကတည်းကပင်ဖြစ်လေသည်။ မဆလ အစိုးရခေတ်၌လည်း တရုတ်ပြည် မှောင်ခိုပစ္စည်းများနှင့် စည်ကားခဲ့၏။ ယခုခေတ်ကာလ၌လည်း တရုတ်ပြည်နှင့် နှစ်နိုင်ငံကုန်စည် ပစ္စည်းများ လွတ်လပ်စွာစီးဆင်းသွားလာမှုကြောင့် ပို၍သည်ကားပြန်၏။
- ၁၀၅မိုင် ကုန်သွယ်ရေးဇုန်
- ကောင်းမူးခမ်း (သို့) ရွှေသမင်ကျောင်းတော်ရွှေစေတီ
- မဟာဝန်ကျောင်း
- လွယ်တိန်ခမ်းတောင်တော်
- မင်္ဂလာ မူဆယ်
- SJ အပန်းဖြေ ဥယျာဉ်
- မူဆယ်ဂေါက်ကလပ်
- လေယာဥ်ပျံ စာသောက်ဆိုင်
- စက်မှုပန်းခြံ
- ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီဆုတောင်းပြည့်စေတီ(၁၀၅မိုင်)
- တုန်ခန်ကျောင်း
ကိုးကား
- Burma Road။ National Geographic Magazine, July 1995။ 2008-10-25 တွင် ပြန်စစ်ပြီး။
- Mansfield၊ Stephen။ "Myanmar's Chinese Connection"၊ The Japan Times, May 13, 1999။ 2008-10-25 တွင် ပြန်စစ်ပြီး။
- Fullbrook၊ David။ "Inland China's route to prosperity"၊ Asia Times Sep 30, 2006။ 2008-10-25 တွင် ပြန်စစ်ပြီး။
105Mile