တန့်ယန်းမြို့နယ်

တန့်ယန်းမြို့နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ လားရှိုးခရိုင်ရှမ်းပြည်နယ်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ တန့်ယန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ပန်လုံပျက်ဆီးခဲ့ပြီးနောက် ပန်းသေးတရုတ်(ယူနန်မှလာသော အစ္စလာမ်ဘာသာကိုးကွယ်သူ တရုတ်များ)တို့၏အဓိကအခြေချရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။[3]

တန့်ယန်းမြို့နယ်
မြို့နယ်
တန့်ယန်းမြို့နယ်
ကိုဩဒိနိတ်: 22°29′0″N 98°23′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လားရှိုးခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1]၃၁၀၀ ပေ (၉၄၅ မီတာ)
လူဦးရေ (၂၀၁၄)[2]၁၇၂,၈၀၅
အချိန်ဇုန်MMT (UTC+6:30)

သမိုင်းကြောင်း

၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် သောင်းကျန်းသူ SSA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။[4] တပ်မတော်သည် ဒေသခံပြည်သူ့စစ်များကို SSA ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်စေရန်အတွက် တပ်ဖြန့်ထားနိုင်ခဲ့သည်။[5][6] ပြီးခဲ့သောတိုက်ပွဲများတွင် SSA သောင်းကျန်းသူအဖွဲ့သည် မြန်မာတပ်မတော်က ဓာတုလက်နက်များကိုသုံးစွဲခဲ့ပြီး အမျိုးသမီးများကိုလည်း အတင်းအဓမ္မ ပေါ်တာဆွဲခဲ့သည်ဟု စွပ်စွဲခဲ့သည်။[7][8] ကျောင်းဆရာမအချို့လည်း အသတ်ခံခဲ့ရသည်။[9][10]

၂၀၁၅ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ မြန်မာ့တပ်မတော်သည် တပ်ရင်း ၂၀ ခန့်ကိုဖွဲ့စည်းပြီး ကြီးမားသောထိုးစစ်ဆင်မှုပြုလုပ်ခဲ့သည်။ တပ်မတော်၏ ရည်ရွယ်ချက်မှာ ကျေးသီးမြို့နယ်မိုင်းနောင်မြို့နယ်မိုင်းရှူးမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့အား ငြိမ်းချမ်းသောနယ်မြေများအဖြစ် ဖန်တီးလို၍ဖြစ်သည်။ တပ်မတော်သည် အမြှောက်ကြီးများ၊ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြု၍ အထောက်အပံ့ပေးခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ရှမ်းလူမျိုးပလောင်လူမျိုးလားဟူလူမျိုးနှင့် လီဆူးလူမျိုး တစ်ထောင်ခန့် တိုက်ပွဲမှ လွတ်ကင်းရာသို့ နေရာရွေ့ပြောင်းခဲ့မှုများရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုပြဿနာများ မြှင့်တက်လာခဲ့သည်။ [11][12]

ကိုးကား

  1. GoogleEarth
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
  3. Forbes, Andrew ; Henley, David (2011). Traders of the Golden Triangle. Chiang Mai: Cognoscenti Books. ASIN: B006GMID5
  4. Militia men from battlefields deserting. Shanland.org (19 May 2011). Retrieved on 9 September 2011.
  5. Shanland
  6. Junta army employs more militias against Shan rebels. Shanland.org (16 May 2011). Retrieved on 9 September 2011.
  7. Being honest about using CW. Shanland.org (7 June 2011). Retrieved on 9 September 2011.
  8. Junta army has women porters lead the way in war zone. Shanland.org (22 April 2011). Retrieved on 9 September 2011.
  9. More killing by unidentified cutthroats reported. Shanland.org (21 April 2011). Retrieved on 9 September 2011.
  10. Villagers in war zone killed by unidentified cutthroats. Shanland.org (19 April 2011). Retrieved on 9 September 2011.
  11. Govt invasion of Shan state mocks ceasefire pact- Bangkok Post
  12. Attacks in central Shan State


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.