မူဆယ်မြို့နယ်

မူဆယ်မြို့နယ် သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မူဆယ်ခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ မူဆယ်မြို့ဖြစ်သည်။ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီး၏ အဆုံးတွင် တည်ရှိသည်။

မူဆယ်မြို့နယ်
မြို့နယ်
မူဆယ်မြို့နယ်
ကိုဩဒိနိတ်: 23°58′0″N 97°54′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်မူဆယ်ခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1]၂၅၉၈ ပေ (၇၉၂ မီတာ)
လူဦးရေ (၂၀၁၄)[2]၁၁၇,၅၀၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပထဝီဝင်

မူဆယ်မြို့သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အကြီးဆုံး ကုန်သွယ်မှုပြုလုပ်ရာနေရာ ဖြစ်သည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်စခန်း တည်ရှိသည်။[3] ကုန်သွယ်စခန်းသည် ၃၇၀ ဧက ကျယ်ဝန်းပြီး မူဆယ်မြို့မှ ၆ မိုင်အကွာတွင် တည်ရှိပြီး ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။ ပန်ဆိုင်းမြို့ (ကြူကုတ်) နှင့် မုန်းကိုးမြို့ သည် မြို့နယ်တွင်းရှိ အရေးပါသော မြို့များ ဖြစ်ကြသည်။

ကိုးကား

  1. GoogleEarth
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
  3. Myanmar Trade 8 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.