ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ( ရှမ်း: တိူင်း ဝႃႉ ၽွင်းငမ်းႁင်းၶေႃအင်္ဂလိပ်: Wa Self-Administered Division ) သည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၌ တည်ရှိသည်။ ဝ လူမျိုးများ အများစု နေထိုင်ပြီး ဒေသတွင်း နေထိုင်သော အခြားလူမျိုးစုများမှာ လားဟူအခါတိုင်းလွယ် စသည်တို့ ဖြစ်သည်။ မြို့နယ်ပေါင်း (၆)မြို့နယ် ပါဝင်ပြီး ၎င်းတို့ကို ခရိုင် (၂)ခု အဖြစ်ဖွဲ့စည်းမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့တွင် ကြေညာခဲ့သည်။[1]

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

အလံတော်
ကိုဩဒိနိတ်: 22°10′00″N 99°10′00″E
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၂၄ မီတာ (၁၇၁၉ ပေ)
လူဦးရေ
  စုစုပေါင်း၅၅၈,၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ ၅၆။ (ဂ) တွင် ရှမ်းပြည်နယ်ရှိ

တို့ကို စုစည်းပြီး ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[2]

မြို့တော်

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဝင်ဆိုင်းဘုတ်

မြို့တော်မှာ တရုတ် - မြန်မာ နယ်စပ်ရှိ ပန်ဆန်းမြို့ ဖြစ်သည်။

အခြားမြို့များ

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အတွင်း အခြားအရေးပါသော မြို့များမှာ မိုင်းမောမြို့ပန်ဝိုင်မြို့နားဖန်းမြို့ဟိုပန်မြို့မက်မန်းမြို့ပန်လုံမြို့ပန်ယန်းမြို့ဝိန်းကောင်မြို့ တို့ ဖြစ်ကြသည်။

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.