ကွတ်ခိုင်မြို့နယ်

ကွတ်ခိုင်မြို့နယ် သည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်မူဆယ်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကွတ်ခိုင်မြို့ ဖြစ်သည်။[3]

ကွတ်ခိုင်မြို့နယ်
မြို့နယ်
ကွတ်ခိုင်မြို့နယ်ရှိ လွိုင်ဆမ်ဆစ်တောင်
ကွတ်ခိုင်မြို့နယ်
ကိုဩဒိနိတ်: 23°27′0″N 97°55′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်မူဆယ်ခရိုင်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1]၄၆၀၀ ပေ (၁၄၀၀ မီတာ)
လူဦးရေ (၂၀၁၄)[2]၁၀၁,၃၃၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပထဝီဝင်

အရှေ့ဖက်တွင် လောက်ကိုင်ခရိုင်လောက်ကိုင်မြို့နယ်နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[4] မြောက်ဖက်တွင် မူဆယ်မြို့နယ်၊ အရှေ့ဖက်တွင် ကွမ်းလုံမြို့နယ်နှင့် သံလွင်မြစ်၊ တောင်ဖက်တွင် သိန္နီမြို့နယ်၊ အနောက်ဖက်တွင် နမ့်ခမ်းမြို့နယ်နှင့် နမ္မတူမြို့နယ်တို့ဖြင့် နယ်နမိတ် ဆက်စပ်လျက်ရှိသည်။ ကွတ်ခိုင်မြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၅ ခုနှင့် ကျေးရွာ ၆၄၀ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ အကျယ်အဝန်းမှာ ၇.၀၆ စတုရန်းမိုင် ဖြစ်သည်။

ရာသီဥတု

မေလမှ အောက်တိုဘာလအထိ မိုးရွာသွန်းလေ့ရှိပြီး တစ်နှစ် ပျမ်းမျှမိုးရေချိန်မှာ ၇၀ လက်မ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၄၀၀ ကျော်တွင် တည်ရှိပြီး အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လေ့မရှိပေ။

ဖွံ့ဖြိုးမှု

ကွတ်ခိုင်မြို့နယ်တွင် အထက်တန်းကျောင်း ၄ ကျောင်း၊ အထကခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ နှင့် မူလတန်းကျောင်း ၁၀၂ ကျောင်း ရှိသည်။

၂၅ ကုတင်ဆန့်ဆေးရုံ ၂ ခု၊ ၁၆ ကုတင်ဆန့် ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ခုနှင့် တိုက်နယ်ကျန်းမာရေးဌာန ၂ ခု ရှိသည်။


ကိုးကား

  1. GoogleEarth
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
  3. Map of Kutkai Township
  4. M-G 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 February 2017 တွင် ပြန်စစ်ပြီး။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.