မိုင်းရယ်မြို့နယ်
မိုင်းရယ်မြို့နယ်သည် လားရှိုးခရိုင်အတွင်းမှ မြို့နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် တည်ရှိသည်။ အုပ်ချုပ်မှုရုံးများစိုက်ရာမြို့မှာ မိုင်းရယ်မြို့ဖြစ်သည်။[3]
မိုင်းရယ်မြို့နယ် | |
---|---|
မြို့နယ် | |
မိုင်းရယ်မြို့နယ် | |
ကိုဩဒိနိတ်: 22°24′0″N 98°2′0″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | လားရှိုးခရိုင် |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1] | ၂၈၅၈ ပေ (၈၇၁ မီတာ) |
လူဦးရေ (၂၀၁၄)[2] | ၅၉,၃၇၆ |
အချိန်ဇုန် | MST (UTC+6:30) |
နောက်ခံသမိုင်း
မိုင်းရယ်မြို့သည် တောင်သိန္နီနယ်၏ ရုံးစိုက်ရာမြို့ဖြစ်ခဲ့သည်။ ယခင်မိုင်းရယ်စော်ဘွားဖြစ်ခဲ့သူ Sao Hso Holm သည် အောက်တိုဘာလ ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ထောင်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။[4] ဘိန်းဘုရင် ခွန်ဆာ၏ မွေးရပ်မြေ လွယ်မော်သည် မိုင်းရယ်မြို့နယ်ထဲတွင် တည်ရှိပြီး သူအား ၁၇ ဖေဖော်ဝါရီ ၁၉၃၄ ခုနှစ်တွင် ထိုလွယ်မော်၌ မွေးဖွားခဲ့သည်။[5]
၂၀၁၁ ခုနှစ်တွင် မိုင်းရယ်မြို့နယ်၌ မြန်မာနိုင်ငံ တပ်မတော်နှင့် ရှမ်းပြည် တပ်မတော်အကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။[6]
ကိုးကား
- GoogleEarth
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
- Map of Mongyai Township။ 29 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2016 တွင် ပြန်စစ်ပြီး။
- Page 15 (45)
- Khun Sa။ 27 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2016 တွင် ပြန်စစ်ပြီး။
- fighting incidents_sst_Eng.pdf Shan Women
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.