ဟိုပန်မြို့နယ်

ဟိုပန်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သော မြို့နယ် ခြောက်ခုအနက် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဟိုပန်မြို့ ဖြစ်သည်။[2] ၂၀၁၁ ခုနှစ်တွင် ဟိုပန်မြို့နယ်ကို ကွမ်းလုံခရိုင်မှ ခွဲထုတ်ပြီး ဟိုပန်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[3]

ဟိုပန်မြို့နယ်
မြို့နယ်
ဟိုပန်မြို့နယ်
ကိုဩဒိနိတ်: 23°25′0″N 98°45′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပင်လယ်ရေ မျက်နှာပြင်အမြင့်[1]၁၅၃၂ ပေ (၄၆၇ မီတာ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဟိုပန်မြို့နယ်နှင့် ဆက်သွယ်ထားသော အဓိကလမ်းမကြီးသုံးခုမှာ ၈၀၄ မိုင်ရှည်လျားသော ဟိုပန်-လားရှိုး-မန္တလေး-တောင်ကြီး-မိုင်းပြင်း-မက်မန်း လမ်းမကြီး၊ ၃၄၃ မိုင် ရှည်လျားသော ဟိုပန်-လားရှိုး-တန့်ယန်း-ပန်ဆန်း-မက်မန်း လမ်းမကြီးနှင့် ၂၅၇ မိုင် ရှည်လျားသော ဟိုပန်-မိုင်းမော-ပန်ဆန်း-မက်မန်း လမ်းမကြီးများ ဖြစ်ကြသည်။[4]

၂၀၀၇ ခုနှစ် စာရင်းများအရ ဟိုပန်မြို့နယ်တွင် ရာဘာစိုက်ခင်း ၃,၇၁၃ ဧက ရှိခဲ့သည်။[5]

ကိုးကား

  1. GoogleEarth
  2. "Constitution of the Republic of the Union of Myanmar (2008)" Official English version
  3. http://www.mrtv3.net.mm/newpaper/69newsn.pdf%5Bလင့်ခ်သေ%5D Page 10 Column 3
  4. http://www.mrtv3.net.mm/newpaper/149newsn.pdf%5Bလင့်ခ်သေ%5D Page 10 Column 1
  5. MG page 8 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2017 တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.