မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး (အင်္ဂလိပ်: Magway Region သို့မဟုတ် Magwe Region၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည်မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံး တံတား ဖြစ်သည်။
မကွေးတိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီး တည်နေရာ | |||
ကိုဩဒိနိတ်: 20°15′N 94°45′E | |||
နိုင်ငံ | မြန်မာ | ||
တိုင်းဒေသကြီး | အလယ်ပိုင်း | ||
မြို့တော် | မကွေးမြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဒေါက်တာအောင်မိုးညို (NLD) | ||
• အစိုးရအဖွဲ့ | မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | မကွေးတိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | မကွေးတိုင်းဒေသကြီး တရားလွှတ်တော် | ||
• တရားသူကြီးချုပ် | ဦးမကွေ | ||
ဧရိယာ | |||
• စုစုပေါင်း | ၄၄၈၂၀.၆ စတုရန်းကီလိုမီတာ (၁၇၃၀၅.၃ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | စတုတ္ထ | ||
လူဦးရေ (၂၀၁၄)[1] | |||
• စုစုပေါင်း | ၃,၉၁၇,၀၅၅ | ||
• အဆင့် | သတ္တမ | ||
• သိပ်သည်းမှု | ၈၇/km၂ (၂၃၀/sq mi) | ||
Demographics | |||
• လူမျိုးစုများ | ဗမာ၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင် | ||
• ကိုးကွယ်မှု | ဗုဒ္ဓ ၉၈.၈% ခရစ်ယာန် ၀.၇% အစ္စလာမ် ၀.၃% ဟိန္ဒူ ၀.၁% animism ၀.၁% | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
HDI (၂၀၁၇) | ၀.၅၆၀[2] အလယ်အလတ် · ဆဋ္ဌမ |
တည်နေရာနှင့် အကျယ်အဝန်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်း ၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။
ပထဝီဝင်အနေအထား
မြေမျက်နှာသွင်ပြင်
ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်း တို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။
ရာသီဥတု
မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
အုပ်ချုပ်ရေး
မြို့တော်
မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ပခုက္ကူမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ တောင်တွင်းကြီးမြို့၊ ချောက်မြို့ များမှာ အဓိကအရေးပါသောမြို့များ ဖြစ်ကြသည်။
အုပ်ချုပ်ရေး
၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။တိုင်းအစိုးရရုံးသည် မကွေးမြို့တွင်တည်ရှိသည်။
ဥပဒေပြုရေး
၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။
ခရိုင်များ
မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခု ရှိသည်။
မြို့နယ်များ
- မကွေးခရိုင် (၆) မြို့နယ်
- မကွေးမြို့နယ်
- နတ်မောက်မြို့နယ်
- မြို့သစ်မြို့နယ်
- ချောက်မြို့နယ်
- ရေနံချောင်းမြို့နယ်
- တောင်တွင်းကြီးမြို့နယ်
- မင်းဘူးခရိုင် (၅) မြို့နယ်
- ပခုက္ကူခရိုင် (၅) မြို့နယ်
- ဂန့်ဂေါခရိုင် (၃) မြို့နယ်
- သရက်ခရိုင် (၆) မြို့နယ်
- သရက်မြို့နယ်
- အောင်လံမြို့နယ်
- ဆင်ပေါင်ဝဲမြို့နယ်
- မင်းတုန်းမြို့နယ်
- မင်းလှမြို့နယ် (အထက်မင်းလှ)
- ကံမမြို့နယ်
မြို့ (၃၂)မြို့ ၊ ရပ်ကွက် (၁၉၉) ကွက်၊ ကျေးရွာအုပ်စု (၁၅၃၈) အုပ်စုနှင့် ရွာပေါင်း (၄၇၈၈) ရွာ ရှိပါသည်။ [3]
အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ
- အိုင်းမ
- အိုင်ကြီး
- အုန်းတွဲ
- ချောင်းနက်
- ဂွေးချို
- ကုက္ကိုကုန်း(တိုက်နယ်)
- ကမျင်းကန်
- ကန်
- ကျောင်းတော်ရာ
- ကျောက်ထု
- ကျော
- ကြေးနီ
- ကျွန်းချောင်း
- လမ်းရွာ
- လယ်ကိုင်း
- လက်ပံတံခါး
- လင်းကတော
- မလွန်
- မဲဇလီ
- မိကျောင်းရဲ
- မင်းတဲကြီး
- မင်းရွာ
- မိုးနတ်ကုန်း
- မြင်ကွန်း
- မြစ်ခြေ
- နဂါးအိုင်
- ညံကန်
- ညောင်လှ
- ပဒါန်း
- ပခန်းကြီး
- ပြလို့
- ပျော်ဘွယ်
- ပြရည်
- စပါးတန်း
- စလေ
- ဆတ်သွား
- ဆည်တော်
- ရှမ်းတပ်ကြီး
- ရွှေပန်းတော
- ဆင်ဖြူကျွန်မြို့
- တိုင်တား
- တက်ပုအောင်း
- သမ္ဗူလ
- ဝက်မစွပ်
- ဝက္ကသေး (စံပြကျေးရွာ)
- ယော
- ရေမျက်နီ
- ရေနံချပ်
- ရေနံမ
- ရေနံ့သာ
- ရွာမွန်
- ကိုးပင် (ဆင်ပေါင်ဝဲ လမ်းဆုံ)
လူဦးရေ
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၂၆၃၄၇၅၇ | — |
၁၉၈၃ | ၃၂၄၃၁၁၆ | +23.1% |
၂၀၁၄ | ၃၉၁၇၀၅၅ | +20.8% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[1] |
၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉သန်း နေထိုင်ကြသည်။မကွေးတိုင်းတွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၇၆ဦးဖြစ်သည်။မကွေးတိုင်းတွင် လူ၁၀၀လျှင် ၈၅ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။
ပညာရေး
- မကွေးတက္ကသိုလ်
- မကွေးဆေးတက္ကသိုလ်
- မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မကွေး)
- ကွန်ပျူတာတက္ကသိုလ်(မကွေး)
- မကွေးပညာရေးကောလိပ်
- ပခုက္ကူတက္ကသိုလ်
- ပခုက္ကူပညာရေးဒီဂရီကောလိပ်
- နည်းပညာတက္ကသိုလ်(ပခုက္ကူ)
- ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
- ရေနံချောင်းတက္ကသိုလ်
- အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)
- အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)
- အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်)
- အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)
- အစိုးရစက်မှုလက်မှုသိပ္ပံ (ဂန့်ဂေါ)
- အစိုးရစက်မှုလက်မှုသိပ္ပံ (ပခုက္ကူ)
စီးပွားရေး
တွင်းထွက်များ
မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။
- ချောက်ရေနံမြေ
- ရေနံချောင်းရေနံမြေ
- ထောက်ရှာပင်ရေနံမြေ
- မင်းဘူးရေနံမြေ
- မန်းရေနံမြေ
- ကျောက်ခွက်လက်ပံတိုရေနံမြေ
ဒေသထွက်ကုန်များ
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး ဆင်ဖြူကျွန်းအာလူး
စက်မှုလုပ်ငန်းများ
- ပခုက္ကူ စက်မှုဇုံ
- ရေနံချောင်း စက်မှုဇုံ
- ချောက် ရေနံချက်စက်ရုံ
- မန်းသံပုရာကန် ရေနံချက်စက်ရုံ
- မန်း ရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ
- ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ
- စလေ ဓာတ်မြေဩဇာစက်ရုံ
- သရက်ဘိလပ်မြေစက်ရုံ
- ပခုက္ကူ ဗာဂျီးနီးယားဆေးပေါင်းစက်ရုံ
- ပွင့်ဖြူ ချည်မျှင်စက်ရုံ
- မကွေး ဆပ်ပြာစက်ရုံ
စိတ်ဝင်စားဖွယ်နေရာများ
- မြသလွန်စေတီ
- ရွှေစက်တော်ဘုရား
- သီဟိုဠ်ရှင်ဘုရား(ပခုက္ကူမြို့)
- ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်(ပခုက္ကူမြို့)
- ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)[4]
- တန့်ကြည့်တောင်စေတီ
- မင်းဘူးနဂါးပွက်တောင်
- စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား
- စလေ ရုပ်စုံကျောင်း
- ဗိဿနိုးမြို့ဟောင်း
- လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့
- ပခုက္ကူမြို့ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာ အများဆုံးစာသင်တိုက်ကြီး)
- မင်းလှခံတပ်
- ဂွေးချောင်းခံတပ်
- ယောဒေသ
- ဖောင်တော်ဦးဘုရား ဆင်ဖြူကျွန်းမြို့
ငါးမျက်နှာစေတီနှင့် ငါမျက်နှာကန် ဆင်ဖြူကျွန်းမြို့ ဆုတောင်းပြည့်ဘုရား ဆင်ဖြူကျွန်းမြို့
- စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။)
ထင်ရှားသောတံတားကြီးများ
- အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ)
- မကွေးတံတား (မကွေး-မင်းဘူး)
- ပခုက္ကူတံတား (ပခုက္ကူ-ပုဂံ)
- မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော)
- မန်းချောင်းတံတား (စကု)
- ယင်းချောင်းတံတား (မကွေး)
- ပင်းချောင်းတံတား (ရေနံချောင်း)
- နွယ်တံမယ်တံတား(ဆင်ဖြူကျွန်းမြို့)
- ဒေါင်းနေတံတား (ရေနံချောင်း)
- ဆားပွက်ချောင်းတံတား (မင်းဘူး)
- မုန်းချောင်းတံတား (မဲဇလီ)
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ဆင်ဖြူကျွန်းဒေသကျပင်းမြို့ဟောင်းရှိပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည် စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။
ကိုးကား
- Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
- Sub-national HDI - Area Database - Global Data Lab (in en)။
- တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
- D.P.S. MYANMAR GUIDE MAP. 2000.