တောင်တွင်းကြီးမြို့နယ်

တောင်တွင်းကြီးမြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးမကွေးခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တောင်တွင်းကြီးမြို့ဖြစ်သည်။ ဤဒေသတွင် ရှေးနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြပြီး၊ ရှေးပျူမြို့ဟောင်းတစ်ခုဖြစ်သည့် ဗိဿနိုးမြို့ဟောင်းမှာ တောင်တွင်းကြီးမြို့အနီးတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးကာ ဆန်စပါး၊ ဂျုံ၊ ကြံနှင့် အခြားသီးနှံများ ဖြစ်ထွန်းသည်။

တောင်တွင်းကြီး မြို့နယ်
မြို့နယ်
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်မကွေးခရိုင်
မြို့တောင်တွင်းကြီးမြို့
ဧရိယာ
  စုစုပေါင်း၁၉၄ စတုရန်းမိုင် (၅၀၃ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၂၅၉,၈၆၀ [1]
  သိပ်သည်းမှု၁၃၃၈/sq mi (၅၁၆.၆/km)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

နယ်နမိတ်

တောင်တွင်းကြီးမြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။

စီးပွားရေး

တောင်တွင်းကြီးမြို့နယ်၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဂျုံနှင့် ကြံတို့ စိုက်ပျိုးထွက်ရှိသည်။

သယ်ယူပို့ဆောင်ရေး

တောင်တွင်းကြီးမြို့သည် အနောက်ဖက်ရှိ မကွေးမြို့(၆၈ ကီလိုမီတာ/၄၂ မိုင် အကွာ)၊ တောင်ဖက်ရှိ ပြည်မြို့ (၁၆၂ ကီလိုမီတာ/၁၀၁ မိုင်) နှင့် အရှေ့ဖက်ရှိ နေပြည်တော် (၆၈ ကီလိုမီတာ/၄၂ မိုင်) မြို့များသို့ ရထားလမ်းနှင့် ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။ မန္တလေးမြို့သို့ ၂၂၇ ကီလိုမီတာနှင့် ရန်ကုန်မြို့သို့ ၃၆၅ ကီလိုမီတာ ကွာဝေးသည်။ အနီးဆုံးလေဆိပ်မှာ မကွေးမြို့ရှိ မကွေးလေဆိပ်ဖြစ်သည်။

ရာသီဥတု

အပူဆုံးအချိန်မှာ ဧပြီလဖြစ်ကာ မွန်းတည့်ပျမ်းမျှအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇန်နဝါရီလဖြစ်ပြီး ညဖက်ပျမ်းမျှအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဩဂုတ်လတွင် မိုးရွာသွန်းသည်။ မတ်လသည် ခြောက်သွေ့ကာလဖြစ်သည်။

ကိုးကား

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.