ဆင်ဖြူကျွန်းမြို့

ဆင်ဖြူကျွန်းမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ မြို့တစ်မြို့ဖြစ်သည်။ မင်းဘူးမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် စလင်းချောင်းတို့ တွေ့ဆုံရာတွင် တည်ရှိသ​ည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ အလောင်းစည်သူမင်းလက်ထက် ရခိုင်ဘုရင်ပုန်ကန်၍ သွားရောက်နှိမ်နှင်းရာတွင် ရတနာဆင်ဖြူဝပ်သဖြင့် ဘုရားတည်၍ ဆင်ဖြူဝပ်သော ကျွန်းမြေမဟာဖြစ်သောကြောင့် ဆင်ဖြူကျွန်းဟုတွင်သည်။ ရှေးမြန်မာဘုရင်များလက်ထက်နှင့် အထူးသဖြင့် ဘကြီးတော်(မြန်မာ ၁၁၈၁-၁၁၉၉) လက်ထက် တို့တွင် ဆင်ဖြူများရရှိရာဒေသဖြစ်၍၊ ဆင်ဖြူကျွန်းဟု ပိုမို ကျော်ကြားခဲ့သည်။[1]

ဆင်ဖြူကျွန်းမြို့
မြို့
ဆင်ဖြူကျွန်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°39′51″N 94°41′34″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်မင်းဘူးခရိုင်
မြို့နယ်စလင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဆင်ဖြူကျွန်း ၏ အရှေ့ဘက်၌ ဧရာဝတီမြစ်၊ အနောက်ဘက်၌ စလင်းချောင်းတို့ တည်ရှိသည်။ ဆင်ဖြူကျွန်း တောင်ဘက် မြန်မာဘုရင်များလက်ထက် သမိုင်းဝင်အရပ်တစ်ခု ဖြစ်သည့် ယမ်းဖိုကုန်းတည်ရှိခဲ့ပေသည်။ ၎င်းဒေသမှတစ်ဆင့် အမ်းတောင်ကြားလမ်းသို့ကျော်ဖြတ်ကာ ရခိုင်ပြည်နယ်သို့ သွားနိုင်သည်။ ဆ​င်ဖြူကျွန်းမြို့သည် ရှေးဘုရင်လက်ထက်က ရေတပ်သစ်တပ်တည်ရှိရာ ကင်းမြို့ဖြစ်ပြီး စစ်ရေးအရအရေးပါရာဒေသ ဖြစ်ခဲ့သည်။ စစ်ကြီးမဟာဗန္ဓုလစစ်စခန်းချခဲရာဒေသဖြစ်ပြီး ရခိုင်ဒေသကိုထိန်းချုပ်သည့် စစ်စခန်းမြို့ဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ရှိ ကျည်တော်စု၊ကြည်စု၊ တပ်ပြင်၊ မြင်ခေါင်း၊ ယမ်းဖိုကုန်း၊ ဒိုင်းဒေါင်းကုန်းစသည်တို့သည် မဟာဗန္ဓုလစစ်သူကြီး ဆင်ဖြူကျွန်း တွင်စစ်စခန်းချရင်း အမည်တွင်ခဲ့သည့် ရပ်ကွက်ရွာများဖြစ်သည်။

မြို့ဖွဲစည်းပုံ

ဆင်ဖြူကျွန်းမြို့ ကို ရှေးယခင် က ခြောက်သွေးခြောက်ရပ်ကွက်ဖြင်ဖွဲ့စည်းထားသည်။ သုံးပင်တောင်ရပ်၊ သုံးပင်မြောက်ရပ်၊ ပျံ့လွင့်ရပ်၊ ပရိက္ခရာရပ်၊ ပိုးအရှေ့ရပ်၊ ပိုးအနောက်ရပ် တို့ဖြင့်ဖွဲစည်းထားသည်။ သို့သော် ယခုအခါတိုးချဲ့ရပ်ကွက်များအဖြစ် အမှတ်(၁)ရပ်ကွက်နယ်မြေတွင် သုံးပင်တောင်(ပိုးသည် ပြည်စိုး သပြေ)၊ သုံးပင်မြောက်၊ အမှတ်(၂)ရပ်ကွက်နယ်မြေတွင် ပျံ့လွင့်၊ ပရိက္ခရာ၊ အမှတ်(၃)ရပ်ကွက်နယ်မြေတွင် ပိုးအရှေ့၊ ပိုးအနောက်၊ အမှတ်(၄)ရပ်ကွက်နယ်မြေတွင် သစ္စာမြိုင်၊ သရက်တော၊ ရွာသစ်၊ ပရပိုက်တန်း၊ ယမ်းဖိုကုန်း၊ သရက်ချဉ်၊ သီးကုန်း၊ ဇောင်ချမ်းကုန်း၊ အမှတ်(၅)ရပ်ကွက်နယ်မြေတွင် မ/ရှားတော၊ အုတ်ဖို၊ မင်းကုန်း၊ သာယာကုန်း၊ စိတ္တူ၊ ပြည်တော်သာရပ်၊ အမှတ်(၆)ရပ်ကွက်နယ်မြေတွင်၊ နွယ်တမယ်ရပ်၊ ဆုတ်လေဦး​ချောင်း​ဖြူ​ ရပ်၊ အမှတ်(၇)ရပ်ကွက်တွင် ဆုံကုန်း ရေနံစု ကျက်ဟင်းခါးကျွန်း အမှတ်(၈)ရပ်ကွက်တွင်စွန်းကျွန်းညို အမှတ်(၉)ရပ်ကွက်တွင် မိုးဝန်း ဒိုင်ဂေါင်းကုန်း စသည်ဖြင့် ရပ်ကွက်ကြီး (၉) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။စွန်းကျွန်းညို​ရပ်ကွက်သည်ဆင်ဖြူကျွန်မြို့အတွက်ရေးပါသောဧရာဝတီမြစ်ဆိပ်ကမ်းဖြစ်သည်။ဆုံကုန်းရပ်ကွက်သည်လဲယွန်းထည်၊ဖန်စီရွှေချခြင်း၊ပန်းပုကနုတ်စသည့်အတက်ပညာရှင်များရှိရမြို့၏အားထားရာရပ်ကွက်တစ်ဖြစ်သည်။

ထင်ရှားသော နေရာဒေသများ

ဆင်ဖြူကျွန်းမြို့၌ သမိုင်းဝင် မဟာစေတီလှဘုရား၊ ရှင်ပင်မြကျောက်ဆည်ဘုရား၊ ဆုတောင်းပြည့်ဘုရားနှင့် မုနိမဟာရံသီဘုရား၊ ရှင်ပင်ဘုန်းမြင့်၊ ရှင်ပင်ဘုန်းပွင့်၊ ရှင်ပင်ချမ်းသာကြီးဘုရား၊ ရှင်ပင်ဖောင်တော်ဦး၊ ရှင်ပင်ငါးမျက်နှာစေတီနှင့်ကန်တော်၊ ပဉ္စလောဟာပြ​ည်တော်ပြန်ဘုရားကြီး တို့ကို ဖူးမြော်ကြည်ညိုနိုင်သည်။ ထင်ရှားသော စာသင်တိုက်များအဖြစ် မဟာဝိသုတာ ရာမတိုက်နှင့် မဟာဝိဇယာရာမတိုက်တို့ကို တွေ့နိုင်သည်။ ဆင်ဖြူကျွန်းသည် ရှေးကပင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အမျိုးသားကျောင်း ရှိခဲ့ပေသည်။ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ စာတိုက်၊ ရဲစခန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊မြို့မီးသတ်စခန်း ဆန်စက်၊ ဝါကြိတ်စက် စိုက်ပျိုးရေးရုံး သစ်တောရုံး ဆီစက်နှင့် သစ်စက် မြို့မစျေးလည်း ရှိနေခဲ့သည်။ ဆင်ဖြူကျွန်းမြို့၌ ၁၉၅၂ ခုနှစ်က စိုက်ထူခဲ့သော ဗိုလ်ချုပ်ကျောက်တိုင်မှာ ကြာပွင့်အခံပြုလုပ်၍ စိုက်ထားခြင်းကြောင့် အမြင်ထူးခြားလှပေသည်။ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်နှင့် ဗိုလ်ချုပ်ကျောက်တိုင်နှစ်ခုလုံးရှိရာမြို့ဖြစ်သည်။ စာပေပညာရှင်၊ ဇာတ်သဘင်ပညာရှင်များနှင့် ဆိုင်းပညာရှင် စသော အနုပညာရှင်များလည်း ထင်ရှားစွာ ရှိခဲ့သည်။ ဆင်ဖြူကျွန်းမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သော မြေရှည်အုတ်ကျောင်းတိုက်မှာ လေ့လာသင့်သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး ရှင်ပင်ဘုန်းမြင့်ဘုရားရှိ ပိဋကတ်ကျောက်စာတိုက်မှာလည်း လေ့လာဖွယ်ဖြစ်သည်။ ထို့ပြင် ရွှေကျောင်း၊​ ရှေးဟောင်းရာကျော်ကျောင်းတော်နှင့်နှီးဘုရား၊ရှင်ပင်ပုပ္ပါရုံဘုရား နှင့် တောင်ပိုးတန်းပိုးသည်ရပ် ရှင်ပင်လေးမျက်နှာဘုရားရှိနံရံဆေးရေးပန်းချီများ သည် လေ့လာသင့်သောရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ ချောင်းထဲ မဟာပါဒဂ်စက်တော်ရာဘုရားသည် မြန်မာနိုင်ငံ၏ဒုတိယရွှေစက်တော်အဖြစ်ထင်ရှားကျော်ကြားသည်။ ထိုပြင် ဆင်ဖြူကျွန်မြို့အနောက်မြောက်ဘက်မိုင် ၂၀ ခန့်အကွာ ကိုးရေယဥ်နတ်နန်း သည် သာယာသောတောတောင်ရူ့ခင်းများနှင့်သာယာလှပပြီးရှင်အရဟံကုန်းနှင့်ကျောက်သေတ္တာကြီးစသည့် ဂမ္ဘီရဆန်ဆန်စိတ်ဝင်စားစရာဘများနှင့်ပြည့်နှက်နေသည်။

ထင်ပေါ်ကျော်ကြားသူများ

  • ဆင်ဖြူကျွန်းဆရာတော်ဦးဓမ္မသာရ (မိုးကုတ်ရိပ်သာ)
  • ယောက်ျားမင်းသမီးမယ်အောင်ဗလ
  • ကျပင်းဆရာဖီး
  • ဆင်ဖြူကျွန်းဆရာသင်
  • ဆင်ဖြူကျွန်းအောင်သိန်း
  • နန္ဒစိုး(ဆင်ဖြူကျွန်း)
  • ဒေါက်တာမတင်ဝင်း
  • ပန်တျာအေးလွင်
  • ဇာတ်မင်းသားအသံပညာရှင်ဦးပုလဲစိန်
  • အသံဇာတ်လမ်းဇာက်ညွန်းတေးသံရှင်နိုင်လင်း
  • သျှင်မ
  • ခင်မြဇင်
  • ဆင်ဖြူကျွန်းသန်းထွန်း
  • လူငယ်စာရေးဆရာဒါရိုက်တာမင်းတခေတ်
  • ဟာသသရုပ်ဆောင်ဆင်မ
  • ဆိုင်းဆရာဦးတင်မောင်
  • စိန်ဗိုလ်ညွှန့်
  • ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)
  • ကာတွန်းမြေဇာ
  • ကာတွန်းရွှေမင်းသား


မင်းကြီးဗိုလ်ဥတ္တမ၊ ဗိုလ်ဗျိုင်းကြီး၊ ဗိုလ်ဗျိုင်းလေ၊ မြတောင်ဗိုလ်၊ ဗိုဆေးနီ၊ ဗိုကြာလန်းစသည့် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များ၏နယ်တောင်လှရေးသမိုင်း မှာ စာတင်သင့်သည် ရှေးခေတ်ဘုရင်များလက်ထက်တွင် ဆင်ဖြူကျွန်းမြို့သည် စစ်ရေးအရအရေးပါသော​ရေတပ် သစ်တပ်ရှိရာမြို့ဖြစ်ခဲ့သည်။

စီးပွားရေး

အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ဖြစ်သည်။ ဆည်ရေသောက်လယ်မြေများ ဖြစ်ခြင်းကြောင့် စပါးနှင့် ပဲမျိုးစုံ စိုက်ကြသည်။ ကိုင်းကျွန်းတို့တွင် မြေပဲ၊ ငရုတ်၊ ပဲမျိုးစုံ စိုက်ကြသည်။ ဆင်ဖြူကျွန်းမှ အာလူး၊ငရုတ်၊ ကြက်သွန်နှင့် ရှားစေးတို့မှာ နာမည်ကြီးသည် ။ အာလူးသည် မြန်မာနိုင်ငံတွင်ရှမ်းဒေသနှင့်ဆင်ဖြူကျွန်းဒေသတွင်သာစိုက်ပျိုကြသည်။

စားသောက်ဖွယ်ရာများ

ဆင်ဖြူကျွန်းဝက်အူတောင့်၊ဆ​င်ဖြူကျွန်းမုန့်သြဇာ ဆင်ဖြူကျွန်း ပဲချောင်း အာလူးကျော် အုန်းကရေကရာတို့သည်နာမည်ကျော်ဒေသထွက်စားစရာများဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး

ဆင်ဖြူကျွန်းမြို့သို့ ဧရာဝတီမြစ်နှင့် စလင်း‌ချောင်းတို့မှ လှေ၊ သင်္ဘောတို့ဖြင့် ရေလမ်းအားဖြင့်လည်းကောင်း၊ မင်းဘူး-ဆင်ဖြူကျွန်း-ဆိပ်​ဖြူလမ်း ဆင်ဖြူကျွန်း-ငဖဲလမ်း ဆ​င်ဖြူကျွန်း-စေတုတ္တရာလမ်းစသည့်ကုန်းလမ်းအားဖြင့် သွားလာနိုင်သော မြို့တစ်ခု ဖြစ်သည်။ စာတိုက်၊အစိုးရဆက်သွယ်ရေး ရုံး ပုဂ္ဂလိကဆက်သွယ်ရေးရုံး ဘဏ်များ ရှိ၍လည်းဆက်သွယ်ရေးကောင်းသောမြို့လည်းဖြစ်သည်။

တံတားများ

  1. နွယ်တမယ်တံတား(ဆင်ဖြူကျွန်မြို့)
  2. ဆင်ဖြူကျွန်မြောက်ဘက်ခြမ်းကိုယ်ထူကိုယ်ထတံတား(နတ်စင် မြောက်ရှားတော)
  3. ဖောင်တော်ဦးတံတား(ဖောင်တော်ဦးတောင်ကျချောင်း)
  4. မီးရထားတံတား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဆင်ဖြူကျွန်းသမိုင်း IZU

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.