မင်းဘူးမြို့
မင်းဘူးမြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့တည်ရှိပေသည်။ ကုန်းဘောင်ခေတ်လောက်အထိ မင်းဘူးသည် ရွာကြီးတစ်ရွာ အဖြစ်တည်ရှိခဲ့ဟန် တူသည်။ ဇာတ်ကြီးဆယ်ဘွဲ့ မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားသော မင်းဘူး ဦးဩဘာသ၏ ဇာတိလည်း ဖြစ်သည်။
မင်းဘူးမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မင်းဘူးမြို့ | |
ကိုဩဒိနိတ်: 20°10′N 94°52′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မင်းဘူး |
လတ္တီကျု | (၂၀)ဒီဂရီ၊ (၁၀)မိနစ် |
လောင်ဂျီကျု | (၉၄)ဒီဂရီ၊ (၅၂)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မင်းဘူးမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၈၈,၆၈၈[1] |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ခေါ်တွင်ပုံ
- မင်္ဂလာပူရ ခေါ် မင်းဘူးသည် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပူးဆုံရာဖြစ်၍ မန်းပူး ခေါ်ဆိုရာမှ မင်းပူးဟု တွင်လာသည်။
- မိုးညှင်းမင်းတရားနှင့် ရှင်ဘို့မယ်တို့ တွေ့ဆုံရာအရပ် ဖြစ်သည်ကို အစွဲပြု၍ ခေါ်သော မင်းပူးဟု တွင်လာသည်။ [2]
စီးပွားရေး
တောင်ယာလယ်လုပ်ခြင်း၊ပဲအမျိုးမျိုးစိုက်ပျိုးခြင်းအားအဓိကထားလုပ်ဆောင်သည်။
ထင်ရှားသည့်နေရာများ
- နဂါးပွက်တောင်
- ရှင်ပင်စက္ကိန်းတဲဘုရား
- ရှင်မင်းပူးဘုရား
- ဓာတ်တော်ကုန်းဘုရား
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ January 21, 2015 တွင် ပြန်စစ်ပြီး
- ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.