မင်းတုန်းမြို့
မင်းတုန်းမြို့သည် အထက် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် ပါဝင်သော မင်းတုန်းမြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ မင်းတုန်းမြို့သည် ရခိုင်တောင်တန်းများနှင့် ၄-၅ မိုင်ခန့်အကွာ မင်းတုန်း(မထုံး)မြစ်၏ လက်ယာ ဘက်ကမ်း ကုန်းမြင့်ပေါ်တွင် တည်ရှိသဖြင့်သာယာသော မြို့ကလေး ဖြစ်သည်။ သရက်မြို့နှင့် ၄၂ မိုင်ဝေး၍ မော်တော်ကားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ မြန်မာမင်းများ လက်ထက်က မင်းတုန်းကို မြို့ဝန်အုပ်ချုပ်၏။ သက်ဦးဆံပိုင်သော မင်းတုန်းမြို့ဝန်သည် မင်းတပ်၊ တိုင်တား၊ မြို့သစ်၊ ပန်းတိမ်း၊ ငဖဲ၊ နန်းတော၊ မင်းတုန်းဟူသော တောင်စဉ်ခုနစ်ခရိုင်ကို စီရင်အုပ်ချုပ်ရလေသည်။
မင်းတုန်းမြို့ | |
---|---|
မြို့ | |
မင်းတုန်းမြို့ | |
ကိုဩဒိနိတ်: 19°16′57″N 94°47′40″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေးတိုင်းဒေသကြီး |
ခရိုင် | သရက်ခရိုင် |
မြို့နယ် | မင်းတုန်းမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
မင်းတုန်းမြို့ကို ခရစ် ၁ဝဝ ပြည့်နှစ်ခန့်က သရေခေတ္တရာပြည်မှ ပြေးလွှား ပုန်းအောင်းလာသော သမုဒ္ဓရာဇ် အမည်ရှိသော မင်းသားတစ်ပါးက ဘုမ္မဝတီဟူသော အမည်ဖြင့် တည်ထောင်ခဲ့သည် ဆို၏။ မင်းသားပုန်းအောင်းသည်ကို အစွဲပြု၍ မင်းပုန်း တွင်ရာမှ မင်းတုန်းဟု ရွေ့လျော်ပြောင်းလဲ လာသည် ဆို၏။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)