နတ်မောက်မြို့

နတ်မောက်မြို့ သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်နတ်မောက်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ မကွေးမြို့မှ (၃၆)မိုင် ကွာဝေးသည်။ ပျဉ်းမနား - ကျောက်ပန်းတောင်း မီးရထားလမ်းပေါ်တွင် တည်ရှိ၍ ပျဉ်းမနားမှ (၉၂)မိုင်ဝေးသည်။ ဧရာဝတီမြစ်ရိုးတွင် တည်ရှိသော မကွေးမြို့၊ အောင်လံမြို့များနှင့်လည်း ကားလမ်း အဆက်အသွယ်ရှိ၏။ နတ်မောက်မြို့နယ်မှ အဓိက ထွက်သော အသီးအနှံများမှာ နှမ်းမြေပဲပြောင်း တို့ဖြစ်သည်။ ဆန်စပါးကို ယင်းချောင်းတစ်လျှောက်တွင် ဆည်မြောင်းများဖြင့် စိုက်ပျိုးကြသည်။ နတ်မောက်မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၄,၇၃၇ ယောက် ဖြစ်လေသည်။[1]

နတ်မောက်မြို့
မြန်မာနိုင်ငံရှိ မြို့များ
နတ်မောက်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°21′N 95°24′E
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မကွေး
မြို့နယ်နတ်မောက်မြို့နယ်
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၁)မိနစ်
လောင်ဂျီကျု(၉၅)ဒီဂရီ၊ (၂၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့နတ်မောက်မြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

နတ်မောက်မြို့သည် မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသော စုံနံ့သာမြိုင်ရှာပုံတော်ကြီး သီချင်း ကို ရေးသားပြုစုသူ ဦးကြော့ နှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း တို့၏ ဇာတိမြို့ ဖြစ်သည်။ [2]

ကိုးကား

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)၊ စာမျက်နှာ (၁၃၂)။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.