ဆိပ်ဖြူမြို့

ဆိပ်ဖြူမြို့သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်တွင် ပါဝင်ပြီး ဆိပ်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိ၍၊ မကွေးခရိုင်အပိုင်၊ ချောက်မြို့နှင့် မျက်နှာချင်းဆိုင်လျက်ရှိသည်။

ဆိပ်ဖြူမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဆိပ်ဖြူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°54′N 94°47′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ပခုက္ကူခရိုင်
လတ္တီကျု(၂၀)ဒီဂရီ၊ (၅၄)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၄၇)မိနစ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သင်္ဘောဆိပ်မြို့ဖြစ်သည်။ နွေရာသီတွင် အနောက်ဘက်မိုင် ၇ဝ အကွာတွင်တည်ရှိသော ဆောမြို့နှင့် ကားလမ်းဖြင့် ဆက်သွယ်နိုင်သည်။ မြို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၅၉ မိုင်မျှရှိသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.