ကျောင်းတော်ရာ
ကျောင်းတော်ရာ သည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာအုပ်စု တွင် ရှိသည်။ ကျောင်းတော်ရာကျေးရွာသည် မြန်မာနိုင်ငံရှိ ထင်ရှားသည့် စေတီပုထိုးများစာရင်းဝင်သည့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား တည်ရှိသောကြောင့် လူသိများသော ရွာဖြစ်သည်။
ကျောင်းတော်ရာ | |
---|---|
ရွာ | |
ကျောင်းတော်ရာ | |
ကျောင်းတော်ရာ | |
ကိုဩဒိနိတ်: 20°21′49″N 94°46′06″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မင်းဘူးခရိုင် |
မြို့နယ် | ပွင့်ဖြူမြို့နယ် |
ကျေးရွာအုပ်စု | ကျောင်းတော်ရာ ၁ |
သမိုင်းကြောင်း
ဂေါတမဘုရားရှင်လက်ထက်တွင် မဟာပုဏ္ဏမထေရ်၏ ညီ စုဠပုဏ္ဏသူကြွယ် နှင့် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်တို့ ကောင်းမှုအဖြစ် ဘုရားရှင်သီတင်းသုံးရန် ဆောက်လှူခဲ့သော စန္ဒကူးကျောင်းတော်ရာကြီး တည်ရှိခဲ့ရာနေရာကို အစွဲပြု၍ ကျောင်းတော်ရာ ဟုခေါ်တွင်ခဲ့သည်။[1]
အုပ်ချုပ်ရေး
ကျောင်းတော်ရာသည် ကျောင်းတော်ရာကျေးရွာအုပ်စု၏ အုပ်စုချုပ် ရွာကြီးဖြစ်သည်။ ရွာတည်နေရာကုတ်မှာ ၁၈၆၂၉၇ ဖြစ်ပါသည်။ [2] ကျောင်းတော်ရာကျေးရွာတွင် ကျောင်းတော်ရာမြို့မရပ်ကွက်၊ ကျောင်းတော်ရာမြို့သစ်ရပ်ကွက်၊ ပဉ္စရူပရပ်ကွက် နှင့် ရတနာပုံရပ်ကွက် ဟူ၍ ရပ်ကွက် (၄) ခုရှိသည်။ ကျောင်းတော်ရာကျေးရွာအုပ်စုတွင် ကျေးရွာ(၆)ရွာ ပါဝင်သည်။ အုပ်စုဝင်ကျေးရွာများမှာ
- ကျောင်းတော်ရာ
- ကျောင်းတော်ရာ (၂)
- ကျောက်ပန်းတောင်း
- ဇောင်ချမ်းကုန်း
- ဘူးသည်
- ရွာသစ်ကျေးရွာ တို့ဖြစ်သည်။
လူဦးရေ
- ကျောင်းတော်ရာကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း (၅၅၁၅) ဦးရှိပါသည်။[3]
ပညာရေး
အခြေခံပညာအထက်တန်းကျောင်း(ကျောင်းတော်ရာ) ၁ ကျောင်း ရှိသည်။ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကျောင်း ၂ ကျောင်း ရှိသည်။
စီးပွားရေး
လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။
ဆက်သွယ်ရေး
မြန်မာ့ဆက်သွယ်ရေး စာတိုက် ၁ ခု နှင့် အော်တိုအိတ်ချိန်းဌာန ၁ ခု ရှိသည်။ ကျောင်းတော်ရာတွင် ကုန်းလမ်း ဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ရန်ကုန်မြို့ ၊ မန္တလေးမြို့ စသည့် မြို့ကြီးများတိုက်ရိုက် ခရီးစဉ်အဖြစ် အမြန်ယာဉ်လိုင်းကားဂိတ်များလည်း ရှိနေပြီ ဖြစ်သည်။
အစိုးရရုံးဌာနများ
- ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး
- တောင်သူအကျိုးပြုလယ်စိုက်ရှင်းရုံး
- သစ်တောပျိုးဥယျာဉ်
- ကျေးလက်ကျန်းမားရေးဌာန (မကြာမီ တိုက်နယ်ဆေးရုံ အဖြစ် တိုးမြှင့်ဖွင့်လှစ်တော့မည်။ )
- မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန
- အရန်မီးသတ်တပ်ဖွဲ
ဘာသာရေး
- စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား[4]
- မဟာမုနိကြေးသွန်းရုပ်ပွားတော်[5]
- ကျောင်းကြီးကျောင်းတိုက်
- မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၄၄၁)
- ဓမ္မရသဓမ္မာရုံ
- ရွှေနိဗ္ဗာန် အရုဏ်ဆွမ်းလောင်းအသင်း
- သန္တိသုခ ဓမ္မာရုံ တို့ ရှိသည်။
ပရဟိတအသင်းအဖွဲ့များ
- သီတာရေကြည်လူငယ်အဖွဲ့
- မေတ္တာရှင်
- မဈ္ဇိမမေတ္တာ
- ဗိမာန်ရှင်
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)
- Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ၂၀၁၄ ခုနှစ် ပွင့်ဖြူမြို့နယ်၏ မြို့ရပ်ကွက် / ကျေးရွာအုပ်စုအလိုက် ကျား/မ လူဦးရေစာရင်း ၂၉-၃-၂၀၁၄
- https://myanmar.mmtimes.com/news/125684.html
- https://myanmar.mmtimes.com/news/125684.html