ပခုက္ကူတက္ကသိုလ်
ပခုက္ကူတက္ကသိုလ် သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ဖြစ်သည်။[1][2][3][4][5] ပခုက္ကူတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များအတွက် ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။[6][7][8]
ပခုက္ကူတက္ကသိုလ် | |
ဆောင်ပုဒ် | ပညာအရောင် ထွန်းလင်းပြောင် |
---|---|
တည်နေရာ | ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ 21°21′1″N 95°4′16″E |
ဝဘ်ဆိုဒ် | pakokkuuni.moe.edu.mm |
ပခုက္ကူတက္ကသိုလ်သည် ပခုက္ကူမြို့၏မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ပခုက္ကူတက္ကသိုလ်၏ မြေဧရိယာ အကျယ်အဝန်းမှာ (၂၄၅.၃၂) ဧက ဖြစ်သည်။[9]
သမိုင်းကြောင်း
၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူ အထက(၂)နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက(၂) နေရာမှ လက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှစ၍ ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပခုက္ကူကောလိပ်ကို ပခုက္ကူဒီဂရီကောလိပ်အဖြစ်သို့ လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပခုက္ကူဒီဂရီကောလိပ်ကို ပခုက္ကူတက္ကသိုလ် အဖြစ်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[9]
ပေးအပ်သောဘွဲ့များ
- ဝိဇ္ဇာဘွဲ့ (BA)
- သိပ္ပံဘွဲ့ (Bsc)
- မဟာဝိဇ္ဇာဘွဲ့ ( MA )
- မဟာသိပ္ပံဘွဲ့ ( M.Sc)
ကိုးကား
- "Pakokku students begin march on Yangon"၊ Eleven Myanmar၊ 2 September 2015။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 February 2018။
- "Pakokku, Chauk students join protest calling Section 436 amendment"၊ Eleven Myanmar၊ 7 November 2015။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 February 2018။
- Instituted of Higher Education in Myanmar [January 2002]။ MODiNS.NET။ 19 May 2016 တွင် ပြန်စစ်ပြီး။
- "Powerful independents shun USDP"၊ The Myanmar Times၊ 6 November 2015။ 19 May 2016 တွင် ပြန်စစ်ပြီး။
- https://www.4icu.org/reviews/14525.htm List of Universities and Colleges without an official or working website
- "တတိယအကြိမ် ပခုက္ကူ တက္ကသိုလ် မိသားစု ဈေးပွဲတော်ကျင်းပ"၊ Myawady News၊ 16 January 2016။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 9 June 2016။
- "တတိယအကြိမ် ပခုက္ကူ တက္ကသိုလ်မိသားစု ဈေးပွဲတော်ကျင်းပ"၊ Ministry of Information (Myanmar)၊ 14 January 2016။ 19 May 2016 တွင် ပြန်စစ်ပြီး။
- ပခုက္ကူ တက္ကသိုလ်၏ (၁၃) ကြိမ်မြောက် ဘွဲနှင်းသဘင် ကျင်းပ။ Ministry of Education (Myanmar) (2 February 2015)။ 19 May 2016 တွင် ပြန်စစ်ပြီး။
- ပခုက္ကူတက္ကသိုလ် နောက်ခံသမိုင်း။ 6 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။