ထားဝယ်ပညာရေးကောလိပ်

ထားဝယ်ပညာရေးကောလိပ်(အင်္ဂလိပ်: Dawei Education College; DEC)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။[1] ကျောင်းသားသမဂ္ဂ ရှိသည်။

၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ထားဝယ်ပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[2]

ဆင့်ကဲဖွံ့ဖြိုးတိုးတက်

  • ၁၈၇၇-၁၉၆၄၊ ခရစ်ယာန်သာသနာပြုကျောင်း
  • ၁၉၆၄-၁၉၇၇၊ အထက ၄၊ ထားဝယ်
  • ၁၉၇၇-၂၀၀၂၊ ထားဝယ်ဒေသကောလိပ်၊ ထားဝယ်ဒီဂရီကောလိပ်၊ ထားဝယ်တက္ကသိုလ်
  • ၂၀၀၂- ၊ ထားဝယ်ပညာရေးကောလိပ် [3]

အဆောင်များ

ဤစာရင်းသည် မပြည့်စုံသေးပါ။ သင်မှ ဖြည့်စွက်ရေးသားခြင်းဖြင့် ကူညီနိုင်ပါသည်။
  • နီလာဆောင် (ပထမနှစ်များ)(ယခု ဖြိုဖျက်ပြီး)
  • ပုလဲဆောင် (ဒုတိယနှစ်များ)(ယခု ပုလဲဆောင် ၁)
  • ပုလဲဆောင် ၂
  • သန္တာဆောင်
  • တိုးချဲ့ဆောင်
  • အဏ္ဏဝါဆောင်
  • ပိ​တောက်​​ဆောင်

သင်တန်း

ပညာရေးဒီဂရီကောလိပ် တခုတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာပညာသင်တန်းတက် ကျောင်းသားဦးရေ အနည်းဆုံး ၁၀၀၀ မှ အများဆုံး ၂၀၀၀ ထိ ပညာသင်ယူနိုင်သည်။

၂၀၁၉ ပညာသင်နှစ်တွင် ထားဝယ်ပညာရေးကောလိပ်၌ ဦးရေ ၅၀၀ ဝန်းကျင်သာ ရှိသည်။ [2]

လှုပ်ရှားမှု

၂၀၂၀ ဇန်နဝါရီတွင် အခြေခံပညာကျောင်းများဝယ် အတန်းငယ်များကို ဆယ်တန်းစာမေးပွဲ ပြီးစီးသည့် မတ်လ နှောင်းပိုင်းမှ ဖြေဆိုခိုင်းမည့် အစီအစဉ်ကို ကန့်ကွက်သည့် အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။[4]

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.