နည်းပညာတက္ကသိုလ်(မြိတ်)

နည်းပညာတက္ကသိုလ်(မြိတ်) သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းရွာတွင် တည်ရှိပြီး ဧက ၁၀၇.၈၉ [1]ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၇ တွင် အစိုးရနည်းပညာသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇန်နဝါရီတွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီတွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၁၉ တွင် ဆရာ၊ ဆရာမဦးရေ ၉၅ ဦးနှင့် ကျောင်းသားဦးရေ ၇၃၅ ဦးရှိသည်။[1]

သင်ကြားရေးဌာနများ

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • စာပေဘာသာရပ်ဌာများ (မြန်မာစာနှင့် အင်္ဂလိပ်စာ)
  • ဓာတုဗေဒဌာန
  • ရူပဗေဒဌာန
  • သင်္ချာဌာန

သင်တန်းများ

စဉ်ဘွဲ့ကြိုသင်တန်းများဘွဲ့ဒီဂရီသင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဒီပလိုမာA.G.T.I၂ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာA.G.T.I၂ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာA.G.T.I၂ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာA.G.T.I၂ နှစ်
စဉ်ဘွဲ့သင်တန်းများဘွဲ့ဒီဂရီသင်တန်းကာလ
အင်ဂျင်နီယာဘွဲ့ (မြို့ပြ)B.E၆ နှစ်
အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား)B.E၆ နှစ်
အင်ဂျင်နီယာဘွဲ့ (စက်မှု)B.E၆ နှစ်
အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး)B.E၆ နှစ်



  1. တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိတ်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ September 2019။ p. 67October 9, 2020 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.