ကသာပညာရေးကောလိပ်
ကသာပညာရေးကောလိပ်(အင်္ဂလိပ်: Kathar Education College; KEC)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ၂၀၁၉ ဒီဇင်ဘာလ ၁၈ တွင် စတင်ဖွင့်လှစ်ရာ၊ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ တက်ရောက်ဖွင့်လှစ်သည်။[1] ကျောင်းသားသမဂ္ဂ ရှိသည်။[2]
ကျောင်းပရဝုဏ်
ကသာပညာရေး ဒီဂရီကောလိပ်တွင်
- သုံးထပ်စာသင်ဆောင်(၁)ဆောင်၊
- နှစ်ထပ်စာသင်ဆောင် (သိပ္ပံလက်တွေ့ဆောင်)(၁)ဆောင်
- သင်တန်းသား ၁၆၀ ဆံ့ နှစ်ထပ်အိပ်ဆောင်(၂)ဆောင်၊
- လေးခန်းတွဲ လေးထပ် ဆရာ/ဆရာမ ဆောင် (၁)ဆောင်
- စားရိပ်သာ ၁ ဆောင်
- ကျောင်းအုပ်ကြီးနေအိမ် ၁ ဆောင် ရှိသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်း၊ ရွှေဘိုနှင့် ကန့်ဘလူမြို့နယ်တို့မှ ဝင်ခွင့်ရ ကျောင်းသူကျောင်းသား ၆၅ ဦး ပညာသင်ယူနေကာ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းသား ၂၀ဝ ဦး ခေါ်ယူသွားမည် ဖြစ်သည်။ ဆရာ/မဝန်ထမ်းအင်အား ၃၀ ရှိသည်။[3]
မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းကို ထည့်သွင်း တည်ဆောက်ထားသည်။[4]
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.