ကောလင်းမြို့နယ်

ကောလင်းမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကောလင်းခရိုင်(ယခင်ကသာခရိုင်)ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကောလင်းမြို့ ဖြစ်သည်။ ကောလင်းခရိုင်တွင် ကောလင်းမြို့၊ ပင်လယ်ဘူးမြို့နှင့် ဝန်းသိုမြို့နယ်များဖြင့်ဖွဲ့သည်းထားသည်။ ကောလင်းမြို့နယ်သည် အရှေ့ဖက်နှင့်အနောက်ဖက်တွင်ရှည်လျားပြီး တောင် မြောက်မှာကျဉ်းမြောင်းသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင်နည်ရှိပြီး အထက်မြန်မာပြည် အဓိက ဘူတာရုံ တစ်ရုံကိုပိုင်ဆိုင်ထားသည်။ မြို့အရှေ့ဖက် ၁၄ မိုင်အကွာတွင် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမ ကြီးရှိသည်။ ဆန်စပါး ကိုအဓိက စိုက်ပျိုးသည်။ ကောလင်း-မန္တလေး အမြန်ရထား ၊ ကားလိုင်းများစွာပြေးဆွဲလျက်ရှိသည်။ မြောက်ဖက်တွင် ဝန်းသို တောင်ဖက်တွင်ကျွန်းလှ မြို့နယ် အနောက်ဖက်တွင်ပင်လယ်ဘူးမြို့နယ် အရှေဖက်တွင် ထီးချိုင့်မြို့နယ် တို့နှင့်ဆက်စပ်နေသည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၅,၂၉၇ ယောက်ခန့် နေထိုင်လျက်ရှိသည်။ မြို့ပေါ်တွင် ၂၁,၄၃၁ ယောက်နေထိုင်ပြီး အများစုဖြစ်သော ၁၂၃,၈၆၆ ယောက်သည် ကျေးလက်တွင်နေထိုင်ကြသည်။ အမျိုးသားဦးရေမှာ ၆၉,၇၈၂ ယောက်ရှိပြီး အမျိုးသမီးဦးရေမှာ ပိုမိုများပြား၍ ၇၅,၅၁၅ ယောက်ရှိသည်။[3]

ကောလင်းမြို့နယ်
မြို့နယ်
ကောလင်းမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 23°47′N 95°41′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကသာခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကောလင်းမြို့
လူဦးရေ (၂၀၁၄)[1]၁၄၅,၂၉၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် အစီရင်ခံစာ (PDF)။ ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၇။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.