ကနီမြို့နယ်

ကနီမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကနီမြို့ ဖြစ်သည်။

ကနီမြို့နယ်
မြို့နယ်
ကနီမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°26′N 94°51′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ယင်းမာပင်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကနီမြို့
လူဦးရေ (၂၀၁၄)[1]၁၃၄,၅၄၁
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြေမျက်နှာသွင်ပြင်နှင့် နယ်နိမိတ်

မြောက်ဘက်တွင် မင်းကင်းမြို့နယ်ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်ယင်းမာပင်မြို့နယ်နှင့် အရှေ့ဘက်တွင် ဘုတလင်မြို့နယ်ဒီပဲယင်းမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။ ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်းကို ဖြတ်၍ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တောင်တန်းများနှင့် တောင်များ ပေါများပြီး အရှေ့ဘက်ခြမ်းသည် လွင်ပြင်ဒေသဖြစ်သည်။ ကနီမြို့နယ်အတွင်းတည်ရှိသော မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှ မြောက်သို့ သွယ်တန်းလျက်ရှိသည်။

မြို့ပြဖွဲ့စည်းပုံ

ကနီမြို့အား ရပ်ကွက် ၃ခုနှင့် ကျေးရွာပေါင်း ၁၈၇ ရွာတို့နှင့် ဖွဲ့စည်းထားသည်။

စီးပွားရေးနှင့် စိုက်ပျိုးရေး

ကနီမြို့နယ်သည် အပူပိုင်းဒေသအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြသည်။ ကနီမြို့နယ်သည် မုံရွာမြို့သို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ လူဦးရေ၏ ၆၉% သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည်။ ကနီမြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆီထွက် သီးနှံများဖြစ်ပြီး မုံရွာမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။

ထူးခြားထင်ရှားမှု

ကနီ-ကနဲဟု တွဲဖက်လျက် ထင်ရှားသည်။ ရဟန်းပုဂ္ဂိုလ်ထူးကြီးဖြစ်သော ကန္နီ ရွှေသိမ်တော်တောရဆရာတော် အရှင်သောဘိတ ဆရာတော်ဘုရားကြီးသည် ကနီမြို့နယ်၊ ကမ်းဖြူရွာဇာတိသား ဖြစ်သည်။

အခြေခံအဆောက်အအုံ

ကနီမြို့နယ်တွင် အစိုးရပိုင်ဘဏ်ပေါင်း ၂ခု ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်တွင်တွင် အထက်တန်းကျောင်း ၈ကျောင်း၊ အလယ်တန်းကျောင်း ၁၁ကျောင်း၊ မူလတန်းကျောင်း ၁၁၉ကျောင်း ရှိသည်။ ပြည်သူ့ဆေးရုံ ၁ခု၊ တိုက်နယ်ဆေးရုံ ၃ခု၊ ကျမ်းမာရေးဌာန ၈ခုကိုလည်း ဖွင့်လှစ်ထားသည်။ ကနီမြို့နယ်၏ အဓိကကားလမ်းများမှာ

ချောင်းမ- ကနီ၁၅မိုင်
ဘုတလင်- ညောင်ကန်- ကနဲ(ကနီ)လမ်း၁၁မိုင်
လာပို့- မင်းကင်းလမ်း၁၂မိုင်
ကနီ- မင်းကင်း- တောင်တွင်းချောင်လမ်း၃၈မိုင်
မုံရွာ-ယာကြီး- ကလေးဝလမ်း၅၅မိုင်


ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.