ကလေးခရိုင်
ကလေးခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနောက်ဖက်အကျဆုံး ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ်သုံးခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကလေးမြို့ ဖြစ်သည်။ ကလေးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၀၈,၀၁၅ ယောက်[1] ဖြစ်သည်။
ကလေးခရိုင် | |
---|---|
ကလေးမြို့ ရှုခင်း | |
ကလေးခရိုင် | |
ကိုဩဒိနိတ်: 23°11′N 94°04′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
မြို့နယ်ပေါင်း | ၃ |
မြို့တော် | ကလေးမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြို့နယ်များ
ကလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ထိစပ်လျက်ရှိသော နယ်နမိတ်များ
ကလေးခရိုင်၏ အနောက်ဖက်တွင် ဖလမ်းခရိုင် (ချင်းပြည်နယ်)၊ မြောက်ဖက်တွင် မော်လိုက်ခရိုင်၊ အရှေ့ဖက်တွင် ရွှေဘိုခရိုင်၊ တောင်ဖက်တွင် မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် (မကွေးတိုင်းဒေသကြီး) တို့နှင့် အသီးသီး ထိစပ်လျက်ရှိသည်။
ကိုးကွယ်မှု
ကလေးခရိုင်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ကိုးကွယ်မှုတို့ရှိသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြား နေထိုင်ရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မီဇိုးလူမျိုးများ၏ မြို့တော်ဟု ခေါ်ဆိုကြသည့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် နေထိုင်သူ ၉၉% ခန့်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ တာဟန်းတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၅၀ ကျော် တည်ရှိသည်။
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး