မုံရွာခရိုင်

မုံရွာခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်းတွင် တည်ရှိသော ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသ ဖြစ်သည်။ မုံရွာခရိုင်မှာ လယ်ယာ ထွန်ယက်စိုက်ပျိုးနိုင်သော လွင်ပြင်ဒေသအများစုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တခုလုံး၏ လူဦးရေ အထူထပ်ဆုံး ခရိုင်လည်း ဖြစ်သည်။ ထို့အပြင် ရှေးမြန်မာဘုရင်များ လက်ထက်က စစ်သားများ၊ စစ်သူရဲကောင်းများ အလွန်ထွက်သဖြင့် စစ်သားခရိုင် ဟူ၍လည်ကောင်း၊ အောက်ချင်းတွင်းခရိုင် ခေါ်ဆိုပြီး ကုန်းဘောင်ခေတ် မြန်မာ့တပ်မတော်၏ အမာခံ ဒေသကြီး တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) တွင်ထင်ရှားခဲ့သော စစ်သူကြီး မဟာဗန္ဓုလသည် အောက်ချင်းတွင်းခရိုင် အလုံတိုက်နယ် ငပယင်းရွာ ဇာတိဖြစ်သည်။ အောက်ချင်းတွင်းခရိုင်မှ ဒေသခံများအား ရွှေနန်းတော် လက်ဝဲဝင်း၊ လက်ယာဝင်း စသည့် ကိုယ်ရံတော် တပ်ဖွဲ့များနှင့် ဘုရင့် လှေတပ်တော်၊ ဖောင်တော် များတွင် အမှုထမ်းရန် ပုံမှန်စေလွှတ်ရကြောင်း ကုန်းဘောင်ခေတ် မှတ်တမ်းများအရ သိရသည်။ ယနေ့ခေတ်တွင်မူ မုံရွာခရိုင်သည် စစ်ကိုင်းတိုင်း ဒေသကြီး၏ အဓိက ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ်မှု အချက်အခြာ ဒေသကြီး ဖြစ်လျက်ရှိသည်။

မုံရွာခရိုင်
မုံရွာခရိုင်
ကိုဩဒိနိတ်: 22°07′N 95°08′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်မုံရွာမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ

ခရိုင်ရုံးစိုက်ရာမြို့

မုံရွာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဒေသတွင်း အဓိက အချက်အခြာမြို့ကြီး ဖြစ်ရုံမက စစ်ကိုင်းတိုင်းဒေသကြီးတခုလုံးတွင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီးများတွင်လည်း ပါဝင်ပြီး ၂၀၀၉ ခုနှစ် ခန့်မှန်းချက်မှာ လူဦးရေ (၂၀၂,၉၈၃)ခန့် ရှိမည်ဟု တွက်ချက်ခန့်မှန်းထားသည်။ မုံရွာတက္ကသိုလ်မုံရွာစီးပွားရေးတက္ကသိုလ်နည်းပညာတက္ကသိုလ်(မုံရွာ)ကွန်ပြူတာတက္ကသိုလ်(မုံရွာ)မုံရွာပညာရေးကောလိပ်တို့တည်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး၏ ပညာရေးဆိုင်ရာ ဗဟိုအချက်အခြာ မြို့ကြီးလည်း ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး၊ မိုးညှင်းဆရာတော် ဘုရားကြီး အဓိဋ္ဌာန်ဖြင့် တည်ထားခဲ့သော သမ္ဗုဒ္ဓေစေတီတော်ကြီး၊ မုံရွာမြို့တွင်းရှိ မုံရွာရွှေစည်းခုံစေတီ နှင့် အသောကမင်းကြီး၏ ကောင်းမှုတော် တစ်ပါး ဖြစ်သော ဆုတောင်းပြည့်စေတီတော်၊ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော လယ်တီကျောင်းတိုက်တို့ တည်ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် စည်ကားလှသည်။

အခြားမြို့များ

ဒေသတွင်း အခြားအရေးပါသော မြို့များမှာ အရာတော်မြို့ဘုတလင်မြို့ချောင်းဦးမြို့တို့ ဖြစ်ကြသည်။ ဘုတလင်မြို့နယ်တွင် စပီရူလိုင်းနားခေါ် စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင် တည်ရှိသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.