တွင်းတောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ မြောက်ဘက် (၂၁)မိုင် ခန့်အကွာတွင် ဘုတလင်မြို့ရှိသည်။ ဘုတလင်မြို့မှ အနောက်ဘက် ၃-မိုင်ခန့် အကွာတွင် တွင်းရွာ ရှိသည်။ တွင်းရွာသားများသည် ယာလုပ်ကိုင်ခြင်း၊ ကွမ်းစိုက်ပျိုးခြင်း၊ တွင်းပိုးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြသည်။ တွင်းရွာမှ အနောက်ကို ၂ ဖာလုံကျော်ကျော်ကလေး သွားလျှင် တွင်းတောင်ကို ရောက်သည်။ တွင်းတောင်သည် မီးတောင်ဟောင်း ဖြစ်သည်။ တွင်းတောင်၏ အကျယ်အဝန်းသည် ၂၀၀ မီတာ မျှကျယ်သည်။ အပြင်မှ ကြည့်လျှင် တောင်ကြီး တစ်လုံးပုံဖြစ်သည်။ အပေါ်ရောက်ရင် ဒယ်အိုး ပုံကဲ့သို့ ချိုင့်ဝှမ်းကြီး ဖြစ်နေသည်။ တွင်း အခြေဆင်းတဲ့လမ်းသည် မတ်စောက်လှသည်။ တွင်းတောင်ထဲတွင် စိမ်းပြာပြာ ကျိချွဲချွဲ နှင့် ရေတွေရှိသည်။ ထိုရေမှ အဖိုးတန် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနားများ ထုတ်လုပ်သည်။ တွင်းတောင်ထဲမှ ရေများသည် ချင်းတွင်းမြစ်ရေ တက်နေချိန်မှာ တွင်းထဲက ရေများသည် ကျ၍ ချင်းတွင်းမြစ်ရေ ကျချိန် နွေအခါမှာ တွင်းရေက တက်လာပါသည်။

ချင်းတွင်းမြစ်နှင့် တွင်းတောင်အား ကောင်းကင်မှ တွေ့ရပုံ

တွင်းပိုး

ထိုရေကန်ထဲတွင် တွင်းပိုး ဆိုတဲ့ အကောင် ကလေးများ နေကြပါသည်။ တွင်းပိုး၏ပုံသဏ္ဌာန်မှာ လက်မ လက်သဲခွံ ပမာ ဝိုင်းပြားပြား ပုံစံ ရှိကြသည်။တွင်းပိုးအမျိုးအစားမှာ အခြားသတ္တဝါများကဲ့သို့ အဖိုနှင့် အမ ရှိသည်။ အဖိုမှာ လောက်လန်းသဖွယ်ဖြစ်ပြီး၊ အမမှာ လုံးဝိုင်းသော ပုံရှိပါသည်။ တွင်းပိုးတို့သည် ရေစပ် ကျောက်တုံးများမှာ ဥ ချကြပါသည်။ မိုးရွာကာနီး အချိန်မှာဆို တွင်းပိုးပေါက် များ ထွက်လာပါသည်။ လောက်လန်း ပုံစံဖြစ်သည်။ ညအခါ ရေစပ်မှာ မီးခွက်ထွန်းထားလိုက်ရင် မီးရှိရာကို ကူးခတ်လာပါသည်။ ထိုအခါ ဆန်ကာခုံးနှင့် စစ်ခပ်လိုက်ပါက တွင်းပိုးများကို ရရှိပါသည်။ အကောင်ကြီးတဲ့ အဖို အမများကို ဖမ်းမိရင် မျိုးမတုန်းစေရန် အတွက် ပြန်လွှတ်ပေးရပါသည်။ ရလာသော တွင်းပိုးအကောင် ကလေးများကို နေရိပ်တွင် အခြောက်လှမ်း၍ ခြောက်လျှင် သည်အတိုင်း စားလို့ရသည်။ ကြော်စား၍လဲရသည်။ လက်ဖက်သုပ်ထဲ ထည့်စားလျှင် ဆိမ့်သော အရသာရှိ၍ စားလို့ ကောင်းသည်။ တွင်းပိုးကြော် နှစ်ဇွန်းနှင့် နွားနို့ တစ်ခွက်သောက်လိုက်ပါက ကုန်ခမ်းသွားသော အားအင်များ ချက်ချင်း ပြန်လည်ပြည့်ဖြိုး လာပါသည်။

စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စပီရူလိုင်းနား

တွင်းတောင်ထဲမှ ရေများသည် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား အားဆေးများ(ပရိုဗီမင်အားဆေး၊ အာဗာမင်အားဆေး၊ စိမ်းပြာရေညှိအဆီ)ကို ထုတ်ယူနိုင်သည်။ စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနားသည် လူကြီးများအတွက်သာမက၊ လူငယ်များအတွက်ပါ အားအင်ပြည့်ဖြိုးစေပါသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.