စိုင်ပြင်မြို့

စိုင်ပြင်ရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် တည်ရှိသည်။ လယ်တီဆရာတော်ဘုရားကြီး မွေးဖွားခဲ့သည့် ဒေသ ဖြစ်သည်။ စိုင်ပြင်ရွာကို ၂၀၁၈ ခုနှစ်မှစ၍ စိုင်ပြင်မြို့အဖြစ်သို့တိုးမြှင့်သတ်မှတ်ခဲ့သည်။[1] ယခုအခါ စိုင်ပြင်မြို့ကို ရပ်ကွက်ကြီး ၅ ခုခွဲထားပြီး အိမ်ထောင်စု ၂၅၀၀ ခန့်မှီတင်းနေထိုင်ကြသည်။ ၁၆ ကုတင်ဆန့်တိုက်နယ်ဆေးရုံရှိပြီး ဆရာဝန်တစ်ယောက်၊ သူနာပြုနှင့် သူနာပြုအကူတို့ဖြင့် အနီးအနားကျေးရွာမှ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်။ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃ ကျောင်းရှိသည်။ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အဓိကစီးပွားရေးမှာ ကူးသန်းရောင်းဝယ်ရေးဖြစ်သည်။အနီးအနားရွာများမှ ထွက်ရှိသော စပါး၊ပဲ၊နှမ်းများမှာ စိုင်ပြင်၏ ရောင်းကုန် ဝယ်ကုန်များဖြစ်သည်။

စိုင်ပြင်မြို့
မြို့
စိုင်ပြင်မြို့
စိုင်ပြင်မြို့တည်နေရာ
ကိုဩဒိနိတ်: 22°33′30″N 95°14′21″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ဒီပဲယင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကိုးကား

  1. မျိုးမင်းဦး (၂၃ မေ ၂၀၂၀)။ စစ်ကိုင်းတိုင်းရှိ မော်လူးနှင့် စိုင်ပြင်ကို မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်း 7Day News ၁၃ ဇူလိုင် ၂၀၂၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.