ကျွန်းလှမြို့နယ်

ကျွန်းလှမြို့နယ် သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျွန်းလှမြို့ ဖြစ်သည်။

ကျွန်းလှမြို့နယ်
မြို့နယ်
ကျွန်းလှမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 23°21′N 95°19′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကန့်ဘလူခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကျွန်းလှမြို့
လူဦးရေ (၂၀၁၄)[1]၁၀၄,၀၈၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

စီးပွားရေး

ကျွန်းလှမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရွှေလုပ်ငန်း နှင့် ရေနံတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မြေဖယောင်းလည်းထွက်ရှိသည်။ မြို့ပေါ်ရပ်ကွက်အချို့တွင် အိမ်တွင်းစက်မှုလက်မှုများလည်း လုပ်ကိုင်ကြသည်။ တိုင်းရင်းဆေးဝါးအချို့ကိုလည်း မှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ မုန့်ဖိုလုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ ခေါက်ဆွဲလုပ်ငန်းအပါအဝင် တခြားစားသောက်ကုန်ထုပ်လုပ်မှုများလည်း လုပ်ကိုင်ကြသည်။

အထင်ကရနေရာများ

  • သဖန်းဆိပ် ရေလှောင်တမံ
  • သီတဂူ ဗုဒ္ဓတက္ကသိုလ်
  • သီတဂူ စက္ခုဒါနဆေးရုံ

မြစိမ်းတောင်

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. "Sagaing Region District Map" Archived 2 February 2017 at the Wayback Machine. Myanmar Information Management Unit (MIMU)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.