ဖောင်းပြင်မြို့နယ်
ဖောင်းပြင်မြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ဒေသသမိုင်းအကျဉ်း ဖောင်ပြင်မြို့နယ်သည် ဒုတိယကုန်းဘောင်ခေတ်အထိ ထင်ရှားခဲ့ခြင်း မရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ဘောင်းပြင်ဟူသော အသုံးအနှုန်းအစား ဖောင်းပြင်ဟု ခေါ်ဆိုခဲ့ပါသည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာကြောင်းရေ(၄၂-၄၃) တွင်လည်း ဘောင်းပြင်မြို့ဟု ဖော်ပြထားသည့်ကို တွေ့ရှိရပါသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြပါသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊ ၃/၁၀၆/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ အတည်ပြု ဖွဲ့စည်းထားပြီး ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။ [2] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖောင်းပြင်မြို့ ဖြစ်သည်။
ဖောင်းပြင်မြို့နယ် | |
---|---|
မြို့နယ် | |
ဖောင်းပြင်မြို့နယ် | |
ကိုဩဒိနိတ်: 24°16′N 94°49′E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်းတိုင်းဒေသကြီး |
ခရိုင် | မော်လိုက်ခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | ဖောင်းပြင်မြို့ |
လူဦးရေ (၂၀၁၄)[1] | ၁၁၂,၆၉၄ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၃။
- "Myanmar States/Divisions & Townships Overview Map" " Myanmar Information Management Unit (MIMU)