ဒီပဲယင်းမြို့

ဒီပဲယင်းမြို့ သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ဒီပဲယင်းမြို့ကို လယ်တီဆရာတော်၏ အသုံးအနှုံးမှာ ဒီပါရင်း ဖြစ်သည်။

ဒီပဲယင်းမြို့
မြို့
ဒီပဲယင်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°28′0″N 95°9′0″E
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ဒီပဲယင်းမြို့နယ်
လူဦးရေ (၂၀၁၄)[1]၄,၃၀၈
  ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သမိုင်းကြောင်း

ရွှေဘိုမြို့၏ အနောက်ဖက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိပြီး စစ်သူကြီး မဟာဗန္ဓုလအပါအဝင် ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားသူများ ပေါ်ထွက်ရာ အရပ်ဒေသဖြစ်သည်။[2][3] နောင်တော်ကြီးမင်းသည် ၁၇၆၀ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ဒုတိယမြောက်မင်းအဖြစ် မဖြစ်မီက ဒီပင်းယင်းကို အုပ်ချုပ်ရသော မင်းသားတစ်ပါး ဖြစ်ခဲ့သည်။ ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ချီတက်တိုက်ခိုက်ခဲ့သော အိမ်ရှေ့စံ သတိုးမင်းစောသည်လည်း ဒီပဲယင်းမှပင် ဖြစ်သည်။ ၁၈၀၈ ခုနှစ်တွင် သတိုးမင်းစော၏ သားဖြစ်သူ စစ်ကိုင်းမင်းသား (နောင်တွင် ဘကြီးတော်မင်း) သည် ဒီပဲယင်းမင်းသားဘွဲ့ကို ဆက်ခံခဲ့သည်။[4]

၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့သည် မြန်မာ့နိုင်ငံရေးတွင် အာရုံစိုက်လာခြင်း ခံခဲ့ရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဒီပဲယင်း အရေးအခင်းသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။[5]

လမ်းပန်းဆက်သွယ်ရေး

ဒီပဲယင်းမြို့သည် မုံရွာမြို့ဘုတလင်မြို့ရေဦးမြို့နှင့် ခင်ဦးမြို့များနှင့် ကားလမ်းဖြင့် ဆက်သွယ်ထားသည်။[6]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. Aung Than Tun (Monywa)။ "Maha Bandula, Immortal Myanmar Supreme Commander"၊ New Light of Myanmar၊ 2003-03-26 2009-05-14 တွင် ပြန်စစ်ပြီး
  3. Enriquez၊ Colin Metcalfe (1922)။ A Burmese wonderland : a tale of travel in Lower and Upper Burma။ Cornell University Library2009-05-14 တွင် ပြန်စစ်ပြီး
  4. Christopher Buyers။ The Konbaung Dynasty Genealogy royalark.net။ 2009-09-26 တွင် ပြန်စစ်ပြီး။
  5. "Myanmar extends Aung San Suu Kyi house arrest"၊ People's Daily online, May 25, 2007 2008-10-07 တွင် ပြန်စစ်ပြီး
  6. "Sr Gen Than Shwe urges officials to collectively strive for turning Sagaing Division into granary of Upper Myanmar Assistance assured to upgrade Monywa-Budalin-Dabayin-YeU-KhinU Road"၊ The New Light of Myanmar, December 3, 2002 2008-10-12 တွင် ပြန်စစ်ပြီး Archived from the original on 28 February 2009။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.