တန့်ဆည်မြို့

တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တွင်တည်ရှိပြီး တန့်ဆည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ရေဦးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည် ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။ ရေဦးမြို့နယ်ကန့်ဘလူမြို့နယ်ကျွန်းလှမြို့နယ်ကလေးဝမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။တန့်ဆည်မြို့မှာ မြို့ငယ်ဖြစ်၍၊ လူနေအိမ်ခြေ ၈ဝဝ ခန့်နှင့် လူဦးရေ ၃ဝဝဝ ခန့်ရှိသည်။ များသောအားဖြင့် လယ်ယာလုပ်ကိုင်စားသော သူများသာဖြစ်သည်။

တန့်ဆည်မြို့
မြို့
တန့်ဆည်မြို့
တန့်ဆည်မြို့ တည်နေရာ
ကိုဩဒိနိတ်: 22°56′40″N 95°22′25″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်တန့်ဆည်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြေအိုးလုပ်ငန်းတွင်ကျယ်၍၊ မြို့နယ်တစ်ခုလုံးသို့ ဖြန့်ချိနိုင်သည်။ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သဖြင့် မြို့ရိုးပျက်၊ စေတီပုထိုးပျက်များစွာနှင့် ကျယ်ပြန့်သောရေကန်ကြီးတစ်ခုရှိသည်။ ကျောထောက်နောက်ခံဖြစ်သော ပတ်ဝန်းကျင်တွင် ဆန်စပါးနှင့် ပဲစိုက်ပျိုးသည်။ မူးမြစ်နှင့် ၄ မိုင်ခန့်သာ ဝေးသော်လည်း၊ ရေသွင်း တူးမြောင်းများ မရှိချေ။ မြို့နယ်မှာ ၆၁၃ စတုရန်းမိုင် ကျယ်ဝန်း

၍၊ လူဦးရေ ၆ဝဝဝဝ ခန့်ရှိသည်။တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် တည်ရှိပြီး တန့်ဆည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ရေဦးမြို့၏မြောက်ဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည်။

စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။ ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကလေးဝမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။

သမိုင်းကြောင်း

အလောင်းစည်သူမင်းကြီး ဖောင်တော်ရပ်တန့်ရာနေရာကို ဆည်(ကန်)ဖို့၍ ၎င်းရွာကို တန့်ဆည်ရွာဟု ခေါ်ပြီး နောင်တွင် အစိုးရရုံးစိုက်ရာမြို့ဖြစ်လာသည်။

ပွဲတော်များ

နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၀)ရက်မှ (၁၅) ရက်နေ့အထိ ရွှေကတော့မြတ်စွာဘုရားပွဲတော်ကြီးသည် တစ်မြို့နယ်လုံးသာမက အနီးအနားမှပင် ထင်ရှားသိသော ဘုရားပွဲတော်ဖြစ်ပါသည်။

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.