ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ စီအင်ကျေးရွာအနီးတွင် တည်ရှိသည်။ ဗန်းမော်မြို့မှ (၅) မိုင်အကွာ၊ စီအင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(OSS)၊ ဦးပိုင်အမှတ်(၆၁)တွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၅၃.၇၄) ဧကနှင့် ရေကန် (၁.၇၉) ဧက စုစုပေါင်း (၅၅.၅၃) ဧက ကျယ်ဝန်းသည်။[1] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) | |
Computer University, Banmaw | |
မြန်မှန်တွက်ချက် တိုင်းပြည်တွက် | |
| |
တည်ထောင်ခုနှစ် | ၂၅ ဖေဖော်ဝါရီ ၂၀၀၂ |
တည်နေရာ | စီအင်ကျေးရွာအနီး၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ် |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
အကျယ်အဝန်း | ၅၅.၅၃ ဧက |
သမိုင်းကြောင်း
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(ဗန်းမော်) အား ဗန်းမော်မြို့မှ(၃)မိုင်ကွာ ရွှေပြည်သာကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အဖြစ် တက္ကသိုလ် အဆင့်သို့တိုးမြှင့်ခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စီအင် ကျေးရွာအနီး ပင်မသုံးထပ်ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။[1]
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
- ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
- ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Sc. (Hons.))
- ကွန်ပျူတာနည်းပညာ(ဂုဏ်ထူး)ဘွဲ့ (B.C.Tech. (Hons.))
ကိုးကား
- ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။