ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၏ဘေးတွင် တည်ရှိပြီး ၄.၈၆၄ ဧက ကျယ်ဝန်းသည်။ [1] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) | |
Computer University, Sittwe | |
မြန်မှန်တွက်ချက် တိုင်းပြည်တွက် | |
| |
တည်ထောင်ခုနှစ် | ၄ စက်တင်ဘာ ၂၀၀၀ |
တည်နေရာ | စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
အကျယ်အဝန်း | ၄.၈၆၄ ဧက |
သမိုင်းကြောင်း
အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို ၂၀ဝ၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (စစ်တွေ)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်၊ ဧပြီလတွင် အစိုးရနည်းပညာကောလိပ် ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(စစ်တွေ)ကို တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။[1]
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
- ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[1]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
- ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
ကိုးကား
- ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။