မော်လမြိုင်ပညာရေးကောလိပ်
မော်လမြိုင် ပညာရေးကောလိပ် (အင်္ဂလိပ်: Mawlamyine Education College) သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ရှိသော ပညာရေး ကောလိပ်တစ်ခု ဖြစ်သည်။
ယခင်အမည်များ | ဆရာအတတ်သင်ကျောင်း ဆရာအတတ်သင်သိပ္ပံ |
---|---|
ဆောင်ပုဒ် | ဘတ်စုံဖွံ့ဖြိုး ပြည့်အကျိုး |
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၅၃ |
ကျောင်းအုပ်ကြီး | ဒေါ်ချိုချိုစန်း |
တည်နေရာ | မန္တလေးရပ်ကွက်၊ မော်လမြိုင်မြို့ မွန်ပြည်နယ် 16°30′01″N 97°37′20″E |
ဝဘ်ဆိုဒ် | mlmedc.edu.mm |
သမိုင်းကြောင်း
မော်လမြိုင်ပညာရေးကောလိပ်အား ၁၉၅၃ ခုနှစ်တွင် အ.ထ.က (၃) မော်လမြိုင်၌ ဆရာအတတ်သင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၁ တွင် အကျယ်အဝန်း ၁၅.၈၄၁ ကျယ်ဝန်းသော ယခုတည်နေရာသို့ ပြောင်းကာ ဖွင့်လှစ်ခဲ့သည်။[1]၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့တွင် မော်လမြိုင်ပညာရေးကောလိပ်အပါအဝင် ပညာရေးကောလိပ် (၂၅)ကျောင်းအား ၄နှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။
- ၁၉၅၃ − ဆရာအတတ်သင်ကျောင်း
- ၁၉၆၇ − ဆရာအတတ်သင်သိပ္ပံ
- ၁၉၉၈ ဒီဇင်ဘာ − ပညာရေးကောလိပ်
- ၂၀၂၀ ဩဂုတ် ၃၁ - ပညာရေးဒီဂရီကောလိပ်
သင်တန်းအမျိုးအစား
- လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ပထမနှစ်
- လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဒုတိယနှစ်
- လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း
- အလယ်တန်းဆရာအတတ်စာပေးစာယူ ၁ နှစ်သင်တန်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.