ပဲခူးတက္ကသိုလ်

ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပဲခူးမြို့တွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[1] အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။[2] ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ [3]

သမိုင်းကြောင်း

၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ [3] တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[1]

သင်တန်းများ

ပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည်။[1] ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ [3]

ကိုးကား

  1. ပဲခူးတက္ကသိုလ်၏ တိုးမြှင့်တည်ဆောက်အောင်မြင်မှုများ ပြန်ကြားရေးဝန်ကြီးဌာန (၁၂ ဇန်နဝါရီ ၂၀၁၅)။ ၂၆ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. ပဲခူးတက္ကသိုလ် မတ်လကုန် အပြီးတည်ဆောက်မည် မြဝတီ (၂၈ ဇန်နဝါရီ ၂၀၁၄)။ ၂၆ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. Official Website တွင်ဖော်ပြထားသော ပဲခူးတက္ကသိုလ်နောက်ခံသမိုင်းကြောင်း 5 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2019 တွင် ပြန်စစ်ပြီး။




This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.