ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ယခင်အမည် ဆေးဘက်ပညာသည်တက္ကသိုလ်(မန္တလေး) မှ ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) အဖြစ် အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာကို သင်ကြားပေးသော တက္ကသိုလ် (၃)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)သည် ၄ နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (BMTech) အတွက် အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ၊ ဓာတ်မှန်ပညာနှင့် ဆေးဝါးနည်းပညာ များကို သင်ကြားပေးသည်။ နှစ်စဉ် ကျောင်းသားကျောင်းသူဦးရေ ၁၈၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသည်။

တက္ကသိုလ်အဝင်
ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)
University of Medical Technology, Mandalay

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၏ အမှတ်တံဆိပ်
ပါမောက္ခချုပ် ဒေါက်တာစိုးထွန်း
တည်နေရာ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော

ဆက်စပ်ဖတ်ရှုရန်

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.