နည်းပညာတက္ကသိုလ်(ဟင်္သာတ)
နည်းပညာတက္ကသိုလ်(ဟင်္သာတ) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၏ တောင်ဘက် နတ်မော်ကျေးရွာအနီး ဟင်္သာတ-ပုသိမ် ကားလမ်းဘေးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၆၄.၆၄ ဧက ဖြစ်သည်။
သမိုင်းကြောင်း
နည်းပညာတက္ကသိုလ်(ဟင်္သာတ)ကို နည်းပညာအထက်တန်းကျောင်းအဖြစ် ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဧပြီ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် ထပ်မံအဆင့်မြှင့်တင်ခဲ့သည်။[1]
သင်တန်းများ
နည်းပညာတက္ကသိုလ်(ဟင်္သာတ)တွင် သင်ကြားပို့ချလျှက်ရှိသော အင်ဂျင်နီယာဘာသာရပ်များမှာ-
- မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၊
- လျှပ်စစ်(စွမ်းအား)အင်ဂျင်နီယာဘာသာရပ်၊
- အီလက်ထရောနစ်အင်ဂျင်နီယာဘာသာ ရပ်နှင့်
- စက်မှုအင်ဂျင်နီယာဘာသာရပ်များ ဖြစ်သည်။
ကိုးကား
- Background History။ 4 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.