နည်းပညာတက္ကသိုလ်(ဘားအံ)
နည်းပညာတက္ကသိုလ်(ဘားအံ) သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တည်ရှိသည်။ အစိုးရနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။
ယခင်အမည်များ | အစိုးရနည်းပညာကျောင်း (ဘားအံ) အစိုးရနည်းပညာသိပ္ပံ |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၁၉၉၃ |
တည်နေရာ | ဘားအံမြို့၊ ကရင်ပြည်နယ် 16°51′05.4″N 97°38′39.1″E |
ပရဝုဏ် | ၃၅.၁၉ ဧက (၁၄.၂၄ ဟက်တာ) |
နှီးနွယ်အဖွဲ့အစည်းများ | ပညာရေးဝန်ကြီးဌာန |
ဝဘ်ဆိုဒ် | tuhpn.moe-st.gov.mm |
သင်ကြားရေးဌာနများ
- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- သင်္ချာအင်ဂျင်နီယာဌာန
- ရူပဗေဒအင်ဂျင်နီယာဌာန
- ဓာတုအင်ဂျင်နီယာဌာန
ဘာသာရပ်သင်တန်းများ
- မြို့ပြအင်ဂျင်နီယာ
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာ
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
- စက်မှုအင်ဂျင်နီယာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.