ပုသိမ်တက္ကသိုလ်

ပုသိမ်တတက္ကသိုလ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

ပုသိမ်တက္ကသိုလ်
ဆောင်ပုဒ်"ဝိဇ္ဇာသိပ္ပံပြည့်သူထံ"
အမျိုးအစားအများဆိုင်
တည်ထောင်၇-၇-၁၉၅၈ (၇-၇-၁၉၅၈)
ပါမောက္ခချုပ်ဒေါက်တာစီစီလှဘူး
တည်နေရာပုသိမ်မြို့, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်patheinuniversity.edu.mm

သမိုင်းအကျဉ်း

ပုသိမ်တက္ကသိုလ်သည် ရ.ယ.က(၃)၊ ကန်သုံးဆင့်ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပုသိမ်ဥပစာကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်ကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပုသိမ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်တက္ကသိုလ် အဖြစ်လည်းကောင်း အဆင့်ဆင့်တိုးမြှင့်လာခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း

ပုသိမ်တက္ကသိုလ်သည် ရန်ကုန်-ပုသိမ် လမ်းမကြီးဘက်မှလာလျှင် အရုပ်ကြီးအဝိုင်းကို ပတ်၍ အနော်ရထားလမ်းမကြီးအတိုင်း (တာလမ်းမကြီးလမ်း)အတိုင်း လာရောက်နိုင်ပြီး၊ ချောင်းသာ၊ ငွေဆောင်လမ်း (တောင်ပေါ်လမ်း)မှလဲ ဝင်ရောက်နိုင်သည်။ ဧရိယာဧက (၃၀၅.၃၉)နှင့် မကျီးဒေသ၊ ရွှေသောင်ယံ၊ အဏ္ဏဝါသိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစခန်း (၂၅.၇၆)ဧက အပါအဝင် စုစုပေါင်း (၃၃၁.၁၅)ဧက ကျယ်ဝန်းသည်။ လိပ်စာမှာ - အမှတ်(၃)ရပ်ကွက်၊ ကန်သုံးဆင့်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။ ၁၁၀၁၄ဖြစ်ပြီး ဖုန်းနံပါတ်များမှာ +၉၅၉၅၀၀၅၃၀၈, +၉၅၉၄၄၂၀၅၈၇၃၃ တို့ဖြစ်ကြသည်။ email to: []

သင်ကြားပို့ချနေသော ဘာသာရပ်များ

ပုသိမ်တက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်သင်တန်းများကို သင်ကြားပို့ချပေးနေသည်။

နေ့သင်တန်း (ကျောင်းသား၊ ကျောင်းသူများ) အတွက်
ဝိဇ္ဇာဘာသာရပ် သိပ္ပံဘာသာရပ်
၁။ မြန်မာစာ ၁။ ဓာတုဗေဒ
၂။ အင်္ဂလိပ်စာ ၂။ ရူပဗေဒ
၃။ ပထဝီဝင် ၃။ သင်္ချာ
၄။ သမိုင်း ၄။ သတ္တဗေဒ
၅။ ဒဿနိကဗေဒ ၅။ ရုက္ခဗေဒ
၆။ စိတ်ပညာ ၆။ ဘူမိဗေဒ
၇။ အရှေ့တိုင်းပညာ ၇။ အဏ္ဏဝါသိပ္ပံ
၈။ ဥပဒေပညာ ၈။ ဇီဝဓာတုဗေဒ
၉။ အဏုဇီဝဗေဒ
အဝေးသင် သင်တန်း (ကျောင်းသား၊ ကျောင်းသူများ) အတွက်
ဝိဇ္ဇာဘာသာရပ် သိပ္ပံဘာသာရပ်
၁။ မြန်မာစာ ၁။ ဓာတုဗေဒ
၂။ အင်္ဂလိပ်စာ ၂။ ရူပဗေဒ
၃။ ပထဝီဝင် ၃။ သင်္ချာ
၄။ သမိုင်း ၄။ သတ္တဗေဒ
၅။ ဒဿနိကဗေဒ ၅။ ရုက္ခဗေဒ
၆။ စိတ်ပညာ ၆။ အဏုဇီဝဗေဒ
၇။ အရှေ့တိုင်းပညာ
၈။ ဥပဒေပညာ

ပေးအပ်သောဘွဲ့အမျိုးအစားများ

နေ့သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်

  • ဝိဇ္ဇာဘွဲ့
  • သိပ္ပံဘွဲ့
  • ဝိဇ္ဇာဘွဲ့ (ဂုဏ်ထူး)
  • သိပ္ပံဘွဲ့ (ဂုဏ်ထူး)
  • ဥပဒေဘွဲ့
  • မဟာဥပဒေဘွဲ့
  • မဟာဝိဇ္ဇာဘွဲ့
  • မဟာသိပ္ပံဘွဲ့
  • ပါရဂူဘွဲ့ (အဏုဇီဝဗေဒ) အထူးပြုတစ်ခုသာ

အဝေးသင် သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်

  • ဝိဇ္ဇာဘွဲ့
  • သိပ္ပံဘွဲ့
  • ဥပဒေဘွဲ့

တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ

စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
မှ ထိ
၁။ ဦးခင်ညွန့် ကျောင်းအုပ်ကြီး ၇-၇-၁၉၅၈ ၂၈-၈-၁၉၆၂
၂။ ဒေါ်မေမေခင် ခေတ္တကျောင်းအုပ်ကြီး ၂၉-၈-၁၉၆၂ ၂၈-၇-၁၉၆၃
၃။ ဦးလှရွှေ ကျောင်းအုပ်ကြီး ၂၉-၇-၁၉၆၃ ၃၁-၅-၁၉၆၆
၄။ ဒေါက်တာဖေသောင်း ကျောင်းအုပ်ကြီး ၁-၇-၁၉၆၆ ၃၁-၁-၁၉၆၇
၅။ ဒေါက်တာမန်းသက်စံ ကျောင်းအုပ်ကြီး ၂၅-၂-၁၉၆၇ ၁၆-၃-၁၉၇၁
၆။ ဦးသက်ထွန်း ကျောင်းအုပ်ကြီး ၃-၁၀-၁၉၆၉ ၆-၃-၁၉၇၂
၇။ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ကျောင်းအုပ်ကြီး ၁၅-၇-၁၉၇၅ ၁၂-၉-၁၉၇၇
၈။ ဦးကိုကိုလေး ကျောင်းအုပ်ကြီး ၁-၆-၁၉၇၈ ၃၁-၁၂-၁၉၈၀
၉။ ဦးတင်ဦးလှိုင် ကျောင်းအုပ်ကြီး ၅-၁-၁၉၈၁ ၁၄-၅-၁၉၈၈
၁၀။ ဦးကျော်မြသိန်း ကျောင်းအုပ်ကြီး ၁-၇-၁၉၈၈ ၁၁-၁-၁၉၈၉
၁၁။ ဒေါက်တာမောင်ကျော် ကျောင်းအုပ်ကြီး ၁၂-၁-၁၉၈၉ ၃-၄-၁၉၉၄
၁၂။ ဒေါက်တာစိုးရင် ကျောင်းအုပ်ကြီး ၂၂-၆-၁၉၉၄ ၂၁-၆-၁၉၉၆
၁၃။ ဦးဝင်းမောင် ကျောင်းအုပ်ကြီး ၂၉-၇-၁၉၉၆ ၃၀-၉-၁၉၉၈
၁၄။ ဦးချို ပါမောက္ခချုပ် ၂၂-၁၀-၁၉၉၈ ၅-၂-၂၀၀၆
၁၅။ ဦးလှတင့် တာဝန်ခံ ပါမောက္ခချုပ် ၆-၂-၂၀၀၆ ၂၀-၁-၂၀၁၀
၁၆။ ဒေါက်တာညွန့်ဖေ ပါမောက္ခချုပ် ၂၁-၁-၂၀၁၀ ၂၃-၁၀-၂၀၁၇
၁၇။ ဒေါက်တာစီစီလှဘူး ပါမောက္ခချုပ် ၂၄-၁၀-၂၀၁၇ ယနေ့အထိ

ထင်ရှားသောဆရာဟောင်းများ[ပြင်ဆင်ရန်]

  • တက္ကသိုလ်ဘုန်းနိုင် - စာရေးဆရာ
  • ဒေါက်တာ မန်းသက်စံ - စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး

ထင်ရှားသောကျောင်းသားဟောင်းများ[ပြင်ဆင်ရန်]

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.