အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)သည် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းတစ်ကျောင်းဖြစ်သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)
Government Technical Institute (Mandalay)
အခြားအမည်
GTI Mandalay
တည်ထောင်၂၀ ဒီဇင်ဘာ ၁၉၅၅
နှီးနွယ်အဖွဲ့အစည်းပညာရေးဝန်ကြီးဌာနစက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန
ကျောင်းအုပ်ကြီးဒေါက်တာ​​ကျော်​ကျော်မြင့်
သင်တန်းသား၅၁၆ ဦး
လိပ်စာလမ်း၇၀နှင့် ၂၈လမ်းထောင့်, မန္တလေးမြို့, မန္တလေးတိုင်းဒေသကြီး

သမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကို ၁၉၅၅ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။ထိုစဉ်က ကျောင်း၏တည်နေရာမှာ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၈လမ်းနှင့် လမ်း၇၀ကြားဖြစ်သည်။၁၉၉၉ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၂ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ်တွင် နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ယခင် အစိုးရစက်မှုလက်မှုသိပ္ပံနေရာအား ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့သည်။၂၀၁၅ခုနှစ်တွင်မှ နိုင်ငံတော်၏ နည်းပညာနှင့် သက်မွေး ကဏ္ဍ (TVET) ဏ္ဍမြှင့်တင်ရေးမူ အရ ယခင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းနေရာဖြစ်သော ယခုနေရာ တွင် ပြန်လည်ဖွင့်လှစ်ကာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အဖြစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[1]

ရည်ရွယ်ချက်

အစိုးရ စက်မှုလက်မှု သိပ္ပံ(မန္တလေး) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ (က) ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်။ (ခ) ကျွမ်းကျင်တတ်မြောင်သည့် နည်းပညာရှင် လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန်။

​ကျောင်းအုပ်ကြီးများ

# အမည် စတင်နှစ် ပြီးဆုံးနှစ်
ဒေါက်တာအောင်သိန်းစိုး ၁.၁.၂၀၁၆ ၂၅.၅.၂၀၁၈
ဒေါက်တာကျော်ကျော်မြင့် ၂၅.၅.၂၀၁၈ ယနေ့ထိ

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.