နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရဟန်းသံဃာများကို ပိဋကတ်၊ ပါဠိ၊ မြန်မာစာနှင့် သာသနာပြုလုပ်ငန်းများကို သင်ကြားပေးလျက်ရှိသည်။ တက္ကသိုလ်ကို ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ၊၂၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[1] တက္ကသိုလ်မှ Bachelor of Arts (သာသနတက္ကသီလဓမ္မာစရိယ)၊ Master of Arts (သာသနတက္ကသီလမဟာဓမ္မာစရိယ)၊ Ph.D (သာသနတက္ကသီလဓမ္မပါရဂူ) စသည့် ဘွဲ့ဒီဂရီများကို ပေးအပ်သည်။[2] ၂၀၁၈ ခုနှစ်တွင် ဗုဒ္ဓဘာသာရဟန်းများအား ဘွဲ့ပေါင်း ၅၁ ခု ပေးအပ်ခဲ့ပြီး ဖြစ်သည်။[3]
ဆောင်ပုဒ် | သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ sabbadānaṃ dhammadānaṃ jināti |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ဩဂုတ် ၂၁၊ ၁၉၈၆ |
နှီးနွယ်အဖွဲ့အစည်း | သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန |
ပါမောက္ခချုပ် | ဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသ |
သင်တန်းသား | ၄၄၂ |
လိပ်စာ | ၆၂ လမ်း, မန္တလေးမြို့, မန္တလေးတိုင်းဒေသကြီး, Myanmar |
ဝဘ်ဆိုဒ် | spsumdy.org |
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.