အောင်မိုးညို
ဒေါက်တာ အောင်မိုးညို သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဒေါက်တာအောင်မိုးညို | |
---|---|
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် မတ် ၃၀၊ ၂၀၁၆ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဦးဘုန်းမော်ရွှေ |
ကိုယ်ရေး အချက်အလက်များ | |
မိခင်ကျောင်း | ရန်ကုန် ဆေးတက္ကသိုလ် |
အစိုးရအဖွဲ့ | မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ |
အစောပိုင်းဘဝနှင့် ပညာရေး
ဒေါက်တာအောင်မိုးညိုသည် ရန်ကုန် ဆေးတက္ကသိုလ်မှ ၁၉၈၂ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ကိုယ်ပိုင်ဆေးခန်းတစ်ခုကို စတင်ခဲ့သည်။
ယခင် ရွေးကောက်ပွဲများ
သူသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲအရေအတွက်၏ ၇၄% ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ၁၉၉၈ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအဖြစ် ထိန်းသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမတ်များတွင် တစ်ဦး အပါအဝင်ဖြစ်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[1]
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ်မှ ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ကိုးကား
- Meet your chief ministers။ မြန်မာတိုင်း(မ်) (၄ ဧပြီ ၂၀၁၆)။