ခက်အောင်

ဦးခက်အောင် သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[2] သူသည် ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး နိုင်ငံရေး မလုပ်ကိုင်မီ သွားဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[3]

ဦးခက်အောင်
ကချင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)  ၁ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူလဂျွန်ငန်ဆိုင်း
ဆက်ခံသူဦးခက်ထိန်နန် (ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၆ (၁၉၄၆)
မူဆယ်မြို့ရှမ်းပြည်နယ်[1]
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရအဖွဲ့ကချင်ပြည်နယ် အစိုးရအဖွဲ့

အစ်ကိုနှင့် ယှဉ်ပြိုင်ဖက်ဖြစ်ခဲ့ခြင်း

ဦးခက်အောင်၏ အစ်ကိုဖြစ်သူ ဦးခက်ထိန်နန်သည် ကချင်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အထက်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်သည်။ ဦးခက်အောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကာ အစ်ကိုဖြစ်သူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

နိုင်ငံရေးသမား ဘဝ

ဦးခက်အောင်သည် ၂၀၁၅ နိုဝင်ဘာ နောက်ဆုံးရွေးကောက်ပွဲမတိုင်မီက မည်သည့်နိုင်ငံရေး ပါတီဝင်မှ မဟုတ်ခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်လာခဲ့သည်။ ဦးခက်အောင်တွင် သားနှစ်ဦးနှင့် သမီးနှစ်ဦး ရှိသည်။

ကိုးကား

  1. Frangos၊ Alex။ "Once-Shunned Quarters Becomes Tourist Mecca"၊ Wall Street Journal၊ 30 March 2012 2 April 2012 တွင် ပြန်စစ်ပြီး
  2. Kachin State Government
  3. ဝန်ကြီးချုပ်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.