ကချင်ပြည်နယ် အစိုးရအဖွဲ့

ကချင်ပြည်နယ် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဦးဆောင်သည်။[1][2][3]

ကချင်ပြည်နယ်အစိုးရအဖွဲ့
ကချင်ပြည်နယ် လွှတ်တော် လက်အောက်ရှိအစိုးရအဖွဲ့အစည်း
ပြည်နယ်အစိုးရအဖွဲ့ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၁ (၂၀၁၁-၀၃-၃၀)
ဌာနချုပ်မြစ်ကြီးနားမြို့ကချင်ပြည်နယ်
ဌာနအကြီးအမှူးများဦးခက်အောင်၊ ဝန်ကြီးချုပ်
မိခင်ဌာနပြည်ထောင်စုအစိုးရအဖွဲ့
ဝက်ဘ်ဆိုက်kachinstate.gov.mm

အစိုးရအဖွဲ့ (၂၀၁၆- လက်ရှိ)

စဉ် အမည် ဝန်ကြီးဌာန
(၁) ဒေါက်တာခက်အောင် ဝန်ကြီးချုပ်                   
(၂) ဗိုလ်မှူးကြီး သူရမျိုးတင် (၅.၄.၂၀၁၆-၂၈.၁၁.၂၀၁၈) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန
ဗိုလ်မှူးကြီးနေလင်းထွန်း
ဗိုလ်မှူးကြီးကျော်လင်းအောင်(၂၇.၈.၂၀၂၀-လက်ရှိ)
(၃) ဦးဝေလင်း ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန
(၄) ဦးဝင်းညွန့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန
(၅) ဦးမြသိန်း (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးကျော်ကျော်ဝင်း (၃၀.၁.၂၀၁၉-လက်ရှိ)
(၆) H လအောင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဦးလဆိုင်း (၃၀.၁.၂၀၁၆-လက်ရှိ)
(၇) ဦးနေဝင်း (၅.၄.၂၀၁၆-၃၀.၁.၂၀၁၉) စည်ပင်သာယာရေးဝန်ကြီးဌာန
ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် (၃၀.၁.၂၀၁၆-လက်ရှိ)
(၈) ဒေါက်တာသင်းလွင် (၅.၄.၂၀၁၆-၂၁.၁.၂၀၁၉) လူမှုရေးဝန်ကြီးဌာန
ဦးနေဝင်း (၃၀.၁.၂၀၁၉- လက်ရှိ)
(၉) ဦးခင်မောင်မြင့် (ခ) ဦးဒိတ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၀) ဦးစိုင်းစိန်လင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၁) ဦးအားတီယောဟန် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၂) ဦးရန်နမ်းဖုန် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန
(၁၃) ဦးဒီဆင်ရမ် ပြည်နယ်ဥပဒေချုပ်
(၁၄) ဦးတင်လှိုင် ပြည်နယ်စာရင်းစစ်ချုပ်

အစိုးရအဖွဲ့အပြောင်းအလဲ

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဝန်ကြီးချုပ်မှ ဝန်ကြီး ၃ ဦးကို ခေါ်ယူတွေ့ဆုံကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့်ဟုဆိုကာ နှုတ်ထွက်စေပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဦးမြသိန်းနှင့် ဒေါက်တာသင်းလွင်ကို ရာထူးမှနှုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဦးHလအောင်ကို တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။[4] [5][6] ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက် မှု ဝန်ကြီး ဌာနကို ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဟူ၍ ၂ ခုခွဲပြီး ပြန်လည်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဝဏ်လွှာပေးပို့၍ အဆိုတင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာရှုံးနိမ့်ခဲ့သည်။[7] အကြောင်းမှာ ပြင်ပမှ ပုဂ္ဂိုလ်များဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၃ ဦးကို ဝန်ကြီးခန့်အပ်ခဲ့သည်။[8]

ကိုးကား

  1. "MEDIA RELEASE: UN Resident and Humanitarian Coordinator Ms. Renata Dessallien’s visit to Kachin State"၊ United Nations။
  2. "Meet your chief ministers"၊ Myanmar Times၊ 4 April 2016။
  3. "We are responsible for safety for the international aid groups when they go to the armed conflict areas. It is not true that we denied them to go the conflict areas: Kachin State Chief Minister"၊ The Republic of The Union of Myanmar's Ministry of Information။
  4. "ကချင် ဝန်ကြီး သုံးဦးကို ဘာကြောင့် နုတ်ထွက်စာ တင်ခိုင်းသလဲ"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
  5. "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂/ ၂၀၁၉ ကချင်ပြည်နယ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
  6. "ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၃/ ၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီး တာဝန်မှရပ်စဲခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
  7. "သမ္မတ တင်သွင်းသည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၂ ခု တိုးချဲ့ရေး မဲခွဲရာ ရှုံးနိမ့်"၊ ဧရာဝတီဂျာနယ်၊ ၂၁ ဇန်နဝါရီ ၂၀၁၉။
  8. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၅ /၂၀၁၉ ကချင်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး၊ ၃၁ ဇန်နဝါရီ ၂၀၁၉။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.