အေးဇံ

ဒေါက်တာအေးဇံ (၄ ဧပြီ ၁၉၅၄ မွေးဖွား) သည် မွန်လူမျိုး၊ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဒေါက်တာ

ဦးအေးဇံ
မွန်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ မတ် ၂၀၁၇
သမ္မတဦးထင်ကျော်
ယခင်လူဦးမင်းမင်းဦး
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် ၂
အနိုင်ရမဲ အရေအတွက်၂၁,၁၁၂ (၆၀.၆၃%)[1]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၄-0၄-0၄) ဧပြီ ၄၊ ၁၉၅၄
မုဒုံမြို့မွန်ပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်အေးမူ
ပညာရေးM.B.,B.S
မိခင်ကျောင်းဆေးတက္ကသိုလ်(၂) ရန်ကုန်
အစိုးရအဖွဲ့မွန်ပြည်နယ် အစိုးရအဖွဲ့
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာအေးဇံကို ဖခင် ဦးကျော်ဇံနှင့် မိခင် ဒေါ်ရင်မြတို့က မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားခဲ့သည်။ မုဒုံ၊ သံဖြူဇရပ်နှင့် သီပေါမြို့များတွင် ပညာသင်ယူခဲ့ပြီးနောက် ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[2]

နိုင်ငံရေး လုပ်ကိုင်ခြင်း

ဒေါက်တာအေးဇံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။[3] ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်မှတ်ပုံတင်သည့်ခုနှစ်တွင် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါက်တာအေးဇံက စတင်ဦးဆောင်ခဲ့သည်။[4]

ဒေါက်တာအေးဇံသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့သလို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။[2]

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်း

မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ ဦးမင်းမင်းဦးက ဆန္ဒအလျောက် နုတ်ထွက်သွားခဲ့သဖြင့် လစ်လပ်နေသော ဝန်ကြီးချုပ်ရာထူးနေရာတွင် ဒေါက်တာအေးဇံအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပြီးနောက် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်ခဲ့သည်။[2][5]

ကိုးကား

  1. ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. နိုင်ကွန်းအိမ် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ရွေးချယ်အတည်ပြု VOA မြန်မာပိုင်း ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံ ကျမ်းသစ္စာဆိုမည် DVB (၁ မတ် ၂၀၁၇)။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. ဖေသက်ထက်ခင် (၂၀ ဖေဖော်ဝါရီ ၂၀၁၇)။ မွန်ဝန်ကြီးချုပ်အသစ် ဖြစ်လာမယ့် ဒေါက်တာအေးဇံ ဘယ်လိုလူမျိုးလဲ ကုမုဒြာဂျာနယ် 23 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ဇေယျာမော် (၁ မတ် ၂၀၁၇)။ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ကန့်ကွက်သူမရှိ အတည်ပြု မဇ္ဈိမ ၂၃ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.