လင်းထွဋ်

ဦးလင်းထွဋ် သည် သွားဆရာဝန်အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဦးလင်းထွဋ်
ရှမ်းပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူစဝ်အောင်မြတ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၀
ကြည့်မြင်တိုင်မြို့နယ်
ရန်ကုန်မြို့
မိခင်ကျောင်းပုသိမ်ဒေသကောလိပ်
အလုပ်အကိုင်သွားဆရာဝန်
အစိုးရအဖွဲ့ရှမ်းပြည်နယ် အစိုးရအဖွဲ့

အစောပိုင်းဘဝနှင့် ပညာရေး

ဦးလင်းထွဋ်ကို ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့ကြည့်မြင်တိုင်တွင် မွေးဖွားခဲ့သည်။ ပုသိမ်ဒေသကောလိပ်တွင် ဇီဝဗေဒနှင့် စိုက်ပျိုးရေးပညာများ သင်ယူခဲ့ပြီး ၁၉၈၀ တွင် သွားဖက်ဆိုင်ရာဆေးပညာကို စတင်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဆေးရုံတွင် သွားဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ရာထူးတိုးနှင့် ပြောင်းရွေ့မိန့်ကို ငြင်းဆန်ခဲ့သောကြောင့် သူ၏ ဆေးကုသခွင့်လိုင်စင် ရပ်နားခံခဲ့ရသည်။[1]

NLD အားထောက်ခံခဲ့ခြင်း

၁၉၈၈ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့သည်ကို မြင်တွေ့ပြီးချိန်မှ စ၍ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးထောက်ခံခဲ့သည်ဟု ဆိုသည်။ အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက်၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့သည်။

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.