မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ

မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။[1] ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင် လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[2][3]

၂၀၁၂ မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ

၁ ဧပြီ ၂၀၁၂

ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၄၀ နေရာ
အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၆ နေရာ
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ
  ပထမပါတီ ဒုတိယပါတီ တတိယပါတီ
 
ဦးဆောင်သူ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် စိုင်းအိုက်ပေါင်း
ပါတီ USDP NLD SNDP
စတင် ဦးဆောင်ချိန်  ဇွန် ၂၀၁၀ (၂၀၁၀-၀၆-၀၂) ၂၇ စက်တင်ဘာ ၁၉၈၈ (၁၉၈၈-၀၉-၂၇)  ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၀၈)
Leader's seat Did not contest ကော့မှူး (ပြည်သူ့) Did not contest
ယခင် နေရာ ၂၆၀ ပြည်သူ့ / ၁၂၈ အမျိုးသား ပြည်သူ့ / ၁ အမျိုးသား ၁၈ ပြည်သူ့ / ၃ အမျိုးသား
လက်ရှိ နေရာ ၂၂၀ ပြည်သူ့ / ၁၂၃ အမျိုးသား ၃၇ ပြည်သူ့ / ၅ အမျိုးသား ၁၈ ပြည်သူ့ / ၄ အမျိုးသား
နေရာ အပြောင်းအလဲ ၄၀ ပြည်သူ့ / အမျိုးသား ၃၇ ပြည်သူ့ / အမျိုးသား ပြည်သူ့ / အမျိုးသား
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲထည့်နေသော အမျိုးသမီးတစ်ဦး

အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[4] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[5][6][7] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။

ကိုးကား

  1. Electoral Calendar – international elections world elections 12 May 2011 တွင် ပြန်စစ်ပြီး။
  2. Callan၊ Aela။ "High stakes in Myanmar election"၊ Al Jazeera၊ 29 March 2012 2 April 2012 တွင် ပြန်စစ်ပြီး
  3. Hla Hla Htay။ "Myanmar sets by-election date"၊ 30 December 2011 15 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 4 June 2012။
  4. "Aung San Suu Kyi registers for Burma election run"၊ BBC News၊ 18 January 2012 15 March 2012 တွင် ပြန်စစ်ပြီး
  5. NLD Sweeps Parliamentary By-Elections
  6. "Suu Kyi's party wins Myanmar by-election landslide"၊ 2 April 2012 2 April 2012 တွင် ပြန်စစ်ပြီး
  7. ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃ နေရာ အနိုင်ရ (ဗီအိုအေ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.