နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: State Administrative Council (SAC) ) သည် တပ်မတော်၏ တပ်မတော်အာဏာသိမ်းယူမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။[1] ထိုအဖွဲ့တွင် အာဏာသိမ်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။[2][3]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်ဖေဖော်ဝါရီ ၂၊ ၂၀၂၁ (၂၀၂၁-၀၂-02)
အဖွဲ့အစည်းအမျိုးအစားကောင်စီ
ဌာနအကြီးအမှူးများမင်းအောင်လှိုင်၊ ဥက္ကဋ္ဌ
စိုးဝင်း၊ ဒုဥက္ကဋ္ဌ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[1] သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သားငါးဦးပါဝင်လာခဲ့သည်။ ပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။[4] ပါဝင်သောသူများကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်သည်။

အဖွဲ့ဝင်များ

စဉ် အမည် ရာထူး အဖွဲ့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ တပ်မတော်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတိယဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး မြထွန်းဦး အဖွဲ့ဝင်
ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း
ဖဒိုမန်းငြိမ်းမောင် ကရင်ပြည်သူ့ပါတီ
ဦးသိန်းညွန့် အမျိုးသားဒီမိုကရေစီပါတီသစ်
ဦးခင်မောင်ဆွေ အမျိုးသား ဒီမိုကရေစီ အင်အားစု
၁၀ ဒေါ်အေးနုစိန် ရခိုင်အမျိုးသားပါတီ
၁၁ Jeng Phang နော်တောင်
၁၂ ဦးမောင်းဟာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာဟောင်း
၁၃ ဦးစိုင်းလုံးဆိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
၁၄ စောဒန်နီယယ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (ယခုပါတီဝင်မဟုတ်)
၁၅ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အတွင်းရေးမှူး တပ်မတော်
၁၆ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တွဲဖက်အတွင်းရေးမှူး

ပါတီများ၏ လက်ခံခြင်းနှင့် ငြင်းဆန်ခြင်း

အသစ်ဖွဲ့စည်းလိုက်သော ဤကောင်စီသည် နိုင်ငံရေးပါတီများကို ကောင်စီ၌ပါဝင်ရန် တောင်းဆိုမှုများပြုခဲ့သည်။ ပါဝင်လက်ခံသော ပါတီများရှိသကဲ့သို့ လက်မခံဘဲငြင်းဆန်သော ပါတီများလည်းရှိခဲ့ကြသည်။[5] ကမ်းလှမ်းမှုကိုလက်ခံ၍ ကောင်စီတွင်ပါဝင်သောပါတီများမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။[6] အချို့သောပါတီများမှ ပါတီခေါင်းဆောင်များသည် ကောင်စီထိပ်ပိုင်းတွင်တိုက်ရိုက်မပါဝင်သော်လည်း ကောင်စီမှခန့်အပ်သော တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရာထူးများ၊ ဝန်ကြီးဌာနများမှ ထိပ်ပိုင်းရာထူးများကို လက်ခံခဲ့ကြသည်။

အရှိုချင်းအမျိုးသားပါတီကို ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့ရာ ပါတီမှ ငြင်းဆန်ခဲ့သည်။[7] ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ပါဝင်ရန် ကောင်စီ၏ ကမ်းလမ်းမှုအပေါ် ပယ်ချခဲ့သည်။[5]

အမြင်သဘောထားများနှင့် တုံ့ပြန်မှုများ

အရပ်ဘက်အဖွဲ့ဝင်များမှာ အရေအတွက်အနေဖြင့် ရှစ်ဦးရှိရာ နှစ်ဦးမှာ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ဖြစ်၍ ထိုနှစ်ဦးသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကို တည်ထောင်ခဲ့ကြသောသူများလည်း ဖြစ်ကြသည်။ ဦးခင်မောင်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွင်း ငွေရေးကြေးရေးပြဿနာအချို့ကြောင့် ပါတီမှနှုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ခဲ့ကာ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီ ကိုထူထောင်ခဲ့၍ ၎င်းပါတီသည် ကြံခိုင်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပြုထားသည်။[8] ထိုနှစ်ဦး၏ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၌ တပ်မတော်နှင့် တွေ့ဆုံလေ့ရှိသောပါတီများဖြစ်ကြသည်။[9]

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသော ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ ကေအန်ယူအဖွဲ့က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် ၎င်းသည် ကေအန်ယူအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အများအမြင်ရှင်းစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။[7][10] ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒန်နီရယ်သည်လည်း ၎င်း၏ဆန္ဒအလျှောက် နိုင်ငံတော်ကောင်စီတွင်ပါဝင်ခဲ့သောကြောင့် မိခင်ပါတီက ၎င်းကိုထုတ်ပယ်ကြောင်း သတင်းကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၄ တွင် ပြုလုပ်ခဲ့သည်။[11]

ကိုးကား

  1. "Myanmar military announces new State Administrative Council" (in English)၊ Myanmar Times၊ 2 February 2021။
  2. မြန်မာအာဏာသိမ်း- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း BBC News မြန်မာ။
  3. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။
  4. "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ငါးဦးကို တိုးချဲ့ခန့်အပ်၊ ပြည်ထောင်စုဝန်ကြီးသုံးဦး ထပ်မံတာဝန်ပေး"၊ 7 Days News၊ ၄ ဖေဖော်ဝါရီ ၂၀၂၁။
  5. "SNLD, DPNS reject offer to participate in new government"၊ Elevenmyanmar news၊ 6 February 2021။
  6. "အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ"၊ RFA၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။
  7. "အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ"၊ ဧရာဝတီသတင်းဌာန၊ ၅ ဖေဖော်ဝါရီ ၂၀၂၁။
  8. "မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး"၊ RFA၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
  9. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း"၊ VOA news၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
  10. "ပဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်မှုမရှိတော့ဟု KNU ထုတ်ပြန်"၊ 7 Days News
  11. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရသော ပါတီဒုတိယဥက္ကဋ္ဌ (၁) ကို KySDP ပါတီဝင်အဖြစ်မှထုတ်ပယ်"၊ Myanmar Times၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.