မြထွန်းဦး

ကြည်း ၁၈၁၃၃ ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ၂၀၂၁ တပ်မတော် အစိုးရတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူမှုတွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။[1]

ဗိုလ်ချုပ်ကြီး

မြထွန်းဦး
ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
ကွယ်လွန် (၁၉၆၁-0၅-0၅) မေ ၅၊ ၁၉၆၁
လူမျိုးမြန်မာ
ကြင်ဖော်(များ)သက်သက်အောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူးဗိုလ်ချုပ်ကြီး

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[2] ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။[2]

တာဝန်ထမ်းဆောင်ခြင်း

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နှင့် အမှတ်(၅) စစ်ဆင်ရေးအထူးအဖွဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်း​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[3][1]


ပုဂ္ဂိုလ်ရေးဘဝ

ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။[4]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.