မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ တပ်မတော်သား တစ်ဦး ဖြစ်ပြီး လက်ရှိတွင် တပ်မတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်အား ထမ်းဆောင်နေသူ ဖြစ်သည်။ သူသည်ရာထူးကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်နေ့တွင်လက်ခံခဲ့သည်။ သူသည် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ (NDSC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။[2] သူသည်ယခင်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်သည်။[3]ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက်အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်၍ တပ်မတော်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ [4]

ဗိုလ်ချုပ်မှူးကြီး

မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ[1]
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁
လက်ထောက်စိုးဝင်း
ယခင်လူရာထူးစတင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၀ မတ် ၂၀၁၁
သမ္မတဦးသိန်းစိန်
ဦးထင်ကျော်
ဦးဝင်းမြင့်
လက်ထောက်စိုးဝင်း
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ယခင်လူဦးသန်းရွှေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-07-03) ၃ ဇူလိုင်၊ ၁၉၅၆
ထားဝယ်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ကြူကြူလှ
သားသမီးအောင်ပြည့်စုံခင်သီရိသက်မွန်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် (LL.B)
စစ်တက္ကသိုလ်
ဆုတံဆိပ်များမဟာသရေစည်သူ
Honorary Malaysian Armed Forces Order for Valour (First Degree)
Gallant Commander of Malaysian Armed Forces
Knight Grand Cross First Class of the Most Exalted Order of the White Elephant of Thailand
ဝက်ဘ်ဆိုဒ်seniorgeneralminaunghlaing.com.mm
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၇၄–လက်ရှိ
ရာထူး ဗိုလ်ချုပ်မှူးကြီး
Commandsကာကွယ်ရေးဦးစီးချုပ်

ကိုယ်ရေးအကျဉ်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကြည်း ၁၄၂၃၂) ကို ခရစ်နှစ် ၁၉၅၅-ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးသောင်းလှိုင်မှာ ဌာနဆိုင်ရာ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို အ.ထ.က(၁)လသာ (Central) ကျောင်းမှ အောင်မြင်ခဲ့သည်။[5] ၁၉၇၃-၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၉) ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်သည်။ အရာရှိငယ်ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ (အမှတ်(၃၆၉)ခြေမြန်တပ်ရင်း)နမခလက်အောက်ခံတပ်ရင်း တပ်ရင်းမှူး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးမှူး(ပထမတန်း)နှင့် နည်းဗျူဟာမှူး တာဝန်များ၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များအပြင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး (၃၁-၀၃-၂၀၁၁) ရက်နေ့မှ စတင်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။

ဝေဖန်မှု

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက မင်းအောင်လှိုင်၏ မြန်မာစစ်သားများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်က အရပ်သားများကို တမင်တကာ ပစ်မှတ်ထားခဲ့ကြကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အရပ်သားများကိုပစ်ခတ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးရှို့ကြောင်း အစီရင်ခံ သတင်းထုတ်ပြန်ခဲ့သည်။[6] အဆိုပါလုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်သည်။[7]

ထမ်းဆောင်ခဲ့သောတာဝန်များ

ခုနှစ်နေရာရာထူးတာဝန်
၁၉၉၈အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်ဒုတိယဗိုလ်မှူးကြီးစစ်ဦးစီးအရာရှိ (ပထမတန်း)
၁၉၉၉အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်ဗိုလ်မှူးကြီးနည်းဗျူဟာမှူး
၂၀၀၂အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်ဗိုလ်မှူးချုပ်တပ်မမှူး
၂၀၀၃ ဩဂုတ်စစ်တက္ကသိုလ်ဗိုလ်မှူးချုပ်ကျောင်းအုပ်ကြီး
၂၀၀၄ နိုဝင်ဘာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗိုလ်ချုပ်တိုင်းမှူး
၂၀၀၆တြိဂံဒေသတိုင်းစစ်ဌာနချုပ်ဗိုလ်ချုပ်တိုင်းမှူး
၂၀၀၇ကာကွယ်ရေးဝန်ကြီးဌာနဗိုလ်ချုပ်အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၀၈ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးအမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး
၂၀၁၀ ဩဂတ်ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေ)
၂၀၁၁ မတ်ဗိုလ်ချူပ်ကြီးတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၂ ဧပြီ ၃ဒုတိယဗိုလ်ချုပ်မှူးကြီး
၂၀၁၃ မတ်ဗိုလ်ချုပ်မှူးကြီး

ကိုးကား

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။
  2. http://www.burmalibrary.org/docs5/Myanmar_Constitution-2008-en.pdf
  3. https://www.irrawaddy.com/news/burma/min-aung-hlaing-appointed-vice-senior-general.html
  4. "အရေးပေါ်ကာလ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်" (in my)၊ 1 February 2021။
  5. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)
  6. Section၊ United Nations News Service (2016-06-20)။ UN News - Myanmar must address ‘serious’ human rights violations against minorities – UN rights chief (in en)။
  7. Burma’s Military Milestone | Human Rights Watch
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.